• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Women

စံပြ ဂျိုလီ

by ဧရာဝတီ
7 August 2015
in Women
A A
ဒေါ်အောင်ဆန်းစုကြည်, အင်ဂျလီနာဂျိုလီ, UNHCR, Brad Pitt, World War Z, William Hague

ကချင်ဒုက္ခသည် စခန်းရောက် ဂျိုလီ (ဓာတ်ပုံ - UNHCR)

11.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခဒေသများသို့ သွားရောက်၍ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ပြီးနောက် နာမည်ကျော် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး အင်ဂျလီနာ ဂျိုလီပစ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှု ကျူးလွန်ခဲ့သူ များကို ဥပဒေအရ အရေးယူနိုင်ရေး တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ်တဦး ဖြစ်သည့် ဂျိုလီသည် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၂၉ ရက်နေ့တွင် ရောက်ရှိလာ ခဲ့ပြီး နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့နှင့် တွေ့ဆုံခဲ့သလို ၂၀၁၁ ခုနှစ်မှစ၍ ဖြစ်ပွားခဲ့ရသည့် ပြည်တွင်းစစ်ကြောင့် လူပေါင်း ၁၀ဝဝဝ၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် ကချင်ပြည်နယ်သို့ သွား ရောက်ခဲ့ပါသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
128
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
169
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
555

“ဒီခရီးစဉ်က ကာလရှည်ကြာပြီ ဖြစ်တဲ့ ပြည်တွင်းစစ် အတွင်းမှာ နေထိုင်နေရတဲ့ အမျိုးသမီးတွေ မိန်းကလေးတွေ အနေနဲ့ လိင်အကြမ်းဖက်မှု၊ လူကုန်ကူးမှုနဲ့ အခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် ခုခံနိုင်ခြင်း အားနည်းနေ တာကို တွေ့ရပါတယ်” ဟု သူက ပြောခဲ့ကြောင်း ဗြိတိန်သံရုံးမှ ထုတ်ပြန်ခဲ့သည့် ကြေညာချက် တစောင်တွင် ဖော်ပြ ထားပါသည်။

ပြည်တွင်းမှ အကူအညီပေးရေး အဖွဲ့အစည်း များက လိင်အကြမ်းဖက်မှု၏ သားကောင်ဖြစ်ခဲ့သူများကို အကူအညီ ပေးရန် ကြိုးစားနေကြကြောင်း၊ သို့ သော်လည်း ကျန်းမာရေး စောင့်ရှောက်မှု၊ ဥပဒေနှင့် စိတ်ပိုင်းဆိုင်ရာ အထောက် အကူများ အရေးတကြီး လိုအပ်နေသည်ဟု သူက ထပ်ပြောသည်။ ထို့ပြင် အပြစ်ကျူးလွန်သူများ အားလုံးကို အပြစ်ပေး အရေးယူရန် အတွက် အင်အားကောင်းသည့် ဥပဒေ မူဘောင်တခု လိုအပ်သည် ဟုလည်း သူက ဆိုသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား တိုက်ပွဲများ ကာလ ကြာရှည်စွာ ဖြစ်ပွားခဲ့ပြီး ယခုတိုင် အချို့နေရာများတွင် ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ အရပ်သား အမည်ခံ အစိုးရ တက်လာခဲ့သည့် ၂၀၁၁ ခုနှစ်အထိ မြန်မာ နိုင်ငံကို အုပ်ချုပ်ခဲ့သည့် စစ်တပ် အပေါ် လိင်အကြမ်းဖက်မှုနှင့် အဓမ္မခိုင်းစေမှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် စွပ်စွဲမှုများ ရှိနေသလို အခြား လက်နက်ကိုင် အဖွဲ့များကလည်း အလားတူ ကျူးလွန်မှုများ ရှိကြောင်း စွပ်စွဲမှုများ ရှိနေသည်။

ဂျိုလီသည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်ကြောင့် လာရောက်ခြင်း ဖြစ်သည်ဟု ဗြိတိန်သံရုံး၏ အဆိုအရ သိရသည်။ ဗြိတိန်သံရုံးသည် လိင်အကြမ်းဖက်မှု ကျူးလွန်သူများကို စွဲချက်တင်နိုင်ရေး အတွက် ဆောင်ရွက်နေသော Preventing Sexual Violence Initiative အမည်ရှိ အစီအစဉ်တခုကို Angelina Jolie နှင့် ပူးပေါင်း ဆောင်ရွက်နေခြင်း သည်။

ဂျိုလီ၏ ကျော်ကြားမှု ဘဝအစပိုင်းများတွင် သူ့ကို ရုပ်ရှင်မင်းသား Jon Voight ၏ သမီး ခပ်ဆိုးဆိုး မင်းသမီးငယ် တယောက်အဖြစ် ပရိသတ်က သိခဲ့ကြသည်။ မူးယစ်ဆေးလည်း သုံးစွဲခဲ့သည်ဟု ဆိုကြသည်။

သို့သော်လည်း ယခုအခါတွင် အော်စကာဆုရှင် တယောက်လည်း ဖြစ်လာသော ဂျိုလီကို လူသားချင်း စာနာထောက် ထားမှု ဆိုင်ရာအလုပ်များ လုပ်ရင်း ကလေး ၆ ဦးကို စောင့်ရှောက်နေသည့် မိခင်တယောက် အဖြစ် ပို၍ သိလာခဲ့ကြ သည်။

ကမ္ဘာပေါ်မှ လူအများစု ရင်ဆိုင်နေရသည့် ပြဿနာ အခက်အခဲများ၏ အတိုင်းအတာကို ၂၀ဝ၁ ခုနှစ်က ကမ္ဘောဒီးယား နိုင်ငံတွင် Lara Croft: Tomb Raider ဇာတ်ကားကို ရိုက်ကူးရင်း စတင်သိရှိလာခဲ့သည်။ ကမ္ဘောဒီးယား နိုင်ငံမှ ပြည်သူများ၏ ဒုက္ခဆင်းရဲကို မြင်တွေ့ရခြင်းက သူ့အနေဖြင့် မည်ကဲ့သို့ ကူညီပေး နိုင်မည်ကို သိနိုင်ရန် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို ဆက်သွယ်ဖို့ ဖြစ်လာခဲ့သည်။ ထို့နောက် သူ၏ ပထမဆုံး ခရီးစဉ်အဖြစ် ဆီယာရာလီယွန်နှင့် တန်ဇန်းနီးယားသို့ ၁၈ ရက်ကြာ သွားရောက်ခဲ့သည်။

ကမ္ဘောဒီးယား နိုင်ငံသို့လည်း နောက်တခေါက် ၂ ပတ်ကြာ ပြန်လာခဲ့ပြီးနောက် အာဖဂန် ဒုက္ခသည်များကို တွေ့ဆုံရန် အတွက် ပါကစ္စတန်နိုင်ငံသို့ သွား ရောက်ခဲ့ပြန်သည်။ မကြာမီမှာပင် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က သူ့ကို ချစ်ကြည်ရေး သံအမတ်တဦး အဖြစ် ခန့်အပ်လိုက်သည်။

(UNHCR) ၏ ချစ်ကြည်ရေး သံအမတ် အဖြစ် ခန့်အပ်ခြင်း ခံရပြီးနောက် နိုင်ငံပေါင်း ၃၀ ကျော်သို့ ဂျိုလီ သွားရောက် ခဲ့ပြီး ဖြစ်သည်။ အသက်အန္တရာယ် ရှိသည့် အဖြစ်များနှင့်လည်း ကြုံခဲ့ရသည်။ မကြာသေးမီက အာဖဂန်နစ္စတန်သို့ သွားရောက်စဉ် ခင်ပွန်းသည် မင်းသား ဘရက်ပစ် (Brad Pitt) အတွက် နှုတ်ဆက်စာ တစောင် ရေးထားခဲ့ရကြောင်း သူက ထုတ်ဖော် ပြောဆိုခဲ့သည်။ သူ့ကိုပစ်မှတ်ထား၍ တိုက်ခိုက်မှုများ ရှိနိုင်သောကြောင့် ဖြစ်ပါသည်။ ဂျိုလီ ပြန်သွား ပြီး ၂ ပတ် အကြာတွင် ကုလသမဂ္ဂ၏ ဘန်ကာကျင်း တိုက်ခိုက်ခြင်း ခံရပြီး အတွင်းရှိသူ အားလုံး သေဆုံးခဲ့ရသည်။

(UNHCR) ၏ ချစ်ကြည်ရေး သံအမတ်အနေဖြင့် ပြည်တွင်းစစ်ပွဲများနှင့် ပဋိပက္ခ အမျိုးမျိုးဖြစ်ပွား နေသည့် ဆူဒန်၊ ချတ်ဒ်၊ အီရတ်နှင့် လစ်ဗျားနိုင်ငံများသို့လည်း သွားရောက်ခဲ့သည်။

ဂျိုလီက ဒုက္ခသည်များနှင့် ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူများကို အာရုံစိုက် အလေးပေးခဲ့သည်။ အဆိုပါ ပြဿနာများကို သူ သွားရောက်ခဲ့သည့် ဆီယာရာလီယွန်၊ တန်ဇန်းနီးယား၊ ကမ္ဘော ဒီးယား၊ ပါကစ္စတန်၊ ထိုင်း၊ အီကွေဒေါ၊ ကိုဆိုဗို၊ ကင်ညာ၊ နမီးဘီးယား၊ သီရိလင်္ကာ၊ မြောက်ကော့ ကေးဆပ်၊ ဂျော်ဒန်၊ အီဂျစ်၊ နယူးဒေလီ၊ ကော့စတာ ရီကာ၊ ချတ်ဒ်၊ ဆီးရီးယားနှင့် အီရတ်တို့တွင် မြင်တွေ့ခဲ့ရသည်။

ဟေတီနိုင်ငံမှ ငလျင်ဘေး ဒုက္ခသည်များ ကဲ့သို့ သဘာဝ ဘေးအန္တရာယ်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ သူများကိုလည်း သူ ကူညီခဲ့သည်။

ကုသိုလ်ဖြစ် အလှူအဖွဲ့အစည်း အမြောက် အမြားကိုလည်း တည်ထောင်ခြင်း၊ ငွေကြေး ထောက်ပံ့ခြင်းများ လည်း သူက ပြုလုပ်ခဲ့ပါသည်။ ၂၀ဝ၃ ခုနှစ်တွင် သူ၏ မွေးစားသား ကမ္ဘောဒီးယား လူမျိုး ကလေးငယ် မက်ဒေါ့စ် (Maddox) ၏ အမည်ကို အစွဲပြု၍ Maddox Jolie-Pitt ဖောင်ဒေးရှင်းကို ထူထောင်ခဲ့သည်။ ကမ္ဘောဒီးယား နိုင်ငံ၏ လူမှုဖွံ့ဖြိုးရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဖြစ်သည်။

ဂျိုလီနှင့် ခင်ပွန်းသည် ဘရက်ပစ်တို့သည် သူတို့၏ ကိုယ်ပိုင်ငွေ ဒေါ်လာသန်းနှင့် ချီ၍ နှစ်စဉ်လှူဒါန်းနေသူများ ဖြစ်သည်။ ၂၀ဝ၉ ခုနှစ် အတွင်း သူတို့ ဇနီးမောင်နှံ၏ လှူဒါန်းမှုက အနည်းဆုံး အမေရိကန်ဒေါ်လာ ၇ သန်းရှိသည်ဟု ဆိုသည်။ သူတို့၏ အမြွှာကလေးငယ်များ ဖြစ်သည့် Knox နှင့် Vivienne တို့ မွေးမွားစဉ်က ကလေးငယ်တို့၏ ပထမဆုံး ဓာတ်ပုံများကို People နှင့် Hello! မဂ္ဂဇင်း များသို့ ရောင်းချခဲ့ပြီး ရရှိသည့် အမေရိကန်ဒေါ်လာ ၁၄ သန်းလုံးကို Maddox Jolie-Pitt ဖောင်ဒေးရှင်း အတွက် အသုံးပြုခဲ့ပါသည်။

မကြာသေးမီက ဂျိုလီသည် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း William Hague နှင့် ပူးပေါင်း၍ ပဋိပက္ခများတွင် မုဒိမ်းကျင့်ခြင်း ကို လက်နက်သဖွယ် အသုံးချနေခြင်းကို ပိုမိုသိရှိလာ ကြစေရန် ဆောင်ရွက်ခဲ့သည်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စများ၊ ရက်ရောသော အလှူအတန်းများနှင့် မိသားစုကို အလေးထားသည့် မိခင် တယောက်အဖြစ် အပြင် ဂျိုလီက သူ၏ ရင်သားများကို ဖြတ်ထုတ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။ သူ့တွင် ရင်သား ကင်ဆာ ဖြစ်နိုင်သည့် အလားအလာ မြင့်မားလာခြင်းကြောင့် ဖြစ်သည်။

အလှအပ ရုပ်ရည်ဖြင့် ရပ်တည်ရသည့် ရုပ်ရှင်မင်းသမီးတယောက်က ရင်သားများကို ဖယ်ထုတ်ရန် ဆုံးဖြတ်လိုက်ခြင်း ကြောင့် အခြားသော အမျိုးသမီးများ အတွက်လည်း အတုယူစရာ၊ အား တက်စရာလည်း ဖြစ်စေခဲ့သည်။

ခင်ပွန်းသည် ဘရက်ပစ်က အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ “သူက ပြဿနာတွေကို တည့်တည့်ရင်ဆိုင်တယ်။ သူ့အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်လုပ်နိုင်ဖို့ ရွေးချယ်စရာတွေကို ရှာဖွေတယ်။ ပြီးရင် သူက အဲဒါကို တခြားသူ တွေကိုလည်း ဝေမျှပေးတယ်။ ကျနော် အမြဲတမ်း သူ့ဘေးမှာ ရပ်တည်သွားမှာပါ” ဟု World War Z ဇာတ်ကား အထူးပွဲ ပြသသည့် အခမ်းအနားတွင် ပြောခဲ့သည်။

အင်ဂျလီနာ ဂျိုလီပစ်သည် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ခဲ့ဖူးပြီး ယခု အကြိမ်သည် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခြင်း ဖြစ်သည်။     ။

Your Thoughts …
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ဟင်္သာတမြို့ ခြင်ဘို့ကျေးရွာ အုပ်စုတွင် ရေဘေးသင့်သူ ၆ ထောင်ခန့် ရှိ

ဟင်္သာတမြို့ ခြင်ဘို့ကျေးရွာ အုပ်စုတွင် ရေဘေးသင့်သူ ၆ ထောင်ခန့် ရှိ

ပါတီထောင်မည့် ကိုကိုကြီး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate