ရထားလမ်းများပေါ်၌ ရေ ၁ ပေခန့် ကျော်နေသည့်အတွက် ပုသိမ်နှင့် ကြံခင်း ပြေးဆွဲနေသည့် ရထားခရီးစဉ်များအားလုံးကို ယမန်နေ့ကစတင်၍ ယာယီရပ်ဆိုင်းထားကြောင်း ဟင်္သာတမြို့ရှိ တိုင်းဒေသကြီး မီးရထားဌာနထံမှ သိရသည်။
ကန်ကြီးထောင့်မြို့နယ်ရှိ ဂုံမင်းနှင့် ဒါးက ဘူတာ ၂ ခုကြားတွင် ရေကျော်နေသည့်အတွက် ကြံခင်းမှ ပုသိမ်သို့ထွက်ခွာလာသည့် ရထားမှာ အသုတ်မြို့၌ ရပ်ဆိုင်းနေပြီး ပုသိမ်မှ ကြံခင်းသို့ ထွက်လာသည့်ရထားမှာလည်း ဒါးကမြို့ဘူတာ၌ ရပ်ဆိုင်းထားရသည်။
လက်ရှိတွင် ရထားပို့ဆောင်ရေးဌာနအနေဖြင့် ကြံခင်းနှင့် ဟင်္သာတမြို့သို့ အမြန်ရထားနေ့စဉ် ပြေးဆွဲပေးနြေ့ပီး ကြံခင်းနှင့် အသုတ်မြို့အထိ စာပို့ရထားကို ၁ ရက်ခြား ပြေးဆွဲနေကြောင်း၊ရေပြန်ကျသည်နှင့် ပုသိမ် – ကြံခင်း ရထားခရီးစဉ်များကို ပြန်လည်ပြေးဆွဲ ပေးမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဌာန လက်ထောက်မန်နေဂျာ ဦးဖိုးမာက ပြောသည်။
ထို့ပြင် ရန်ကုန် – ပုသိမ်ကားလမ်းမှာလည်း ဒါးကမြို့အနီးတွင် လမ်းအရျည် ၂ ဖာလုံ၌ ရေ ၁ ပေခန့် နစ်မြုပ်နေပြီး လမ်းပိုင်းတာဝန်ယူထားသည့် Oriental High Way ကုမ္ပဏီမှ လမ်းပျက်စီးမှုမရှိစေရန် ဆောင်ရွက်နေကြောင်း သိရသည်။