မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်းရှိ ဆားတိုင်၊ မြို့မမြောက် ၊ ဖောင်းကတော၊ ပင်း၀ (ဘုရားကုန်း) ၊ ညောင်လှ၊ ဘဲဆိပ် ၊ ဝက်မစွတ် နှင့်ဘိုကုန်း တို့၌ ရေဘေးကယ်ဆယ် ရေးစခန်း ၈ ခုဖွင့်လှစ်ထားပြီး ရေဘေးသင့် ရွာသူ/ရွာသား ၆,၅၀၂ ဦး ၊ ကျွဲ ၄၉၄ ကောင်၊ နွား ၅,၈၄၉ ကောင် ၊ ဆိတ် ၃၆၉ ကောင် နှင့် ဝက် ၂၀၂ ကောင်တို့အား ကယ်ဆယ်ထားရာ အစားအသောက် လုံလောက်သော်လည်း သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်းသိရသည်။ ရေနံချောင်း မြို့နယ၌ ရေဘေးသင့် အိမ်ထောင်စုပေါင်း ၄,၉၆၈ စု ၊ လူဦးရေ ၂၂,၂၇၉ ဦး ရှိသော်လည်း ၆,၅၀၂ ဦးသာ အစိုးရ ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းတွင် နေထိုင်ပြီး၊ အခြားရေဘေးဒုက္ခသည်များမှာ နီးစပ်ရာ ဆွေမျိုးအိမ်၊ မိတ်ဆွေအိမ်များတွင် ခိုလှုံနေကြောင်း ရေနံချောင်း မြို့နယ်အုပ်ချုပ်ရေးမှူဦးတင့်လွင်က ပြောသည်။ ရေဘေးသင့်သူများမှာ ရေမကျသေးသဖြင့် နေအိမ်သို့ ပြန်နိုင်ခြင်း မရှိဘဲ၊ ရေကျပြီး နေအိမ်သို့ ပြန်လည် နေထိုင်မည် ဆိုပါက အစိုးရ အဖွဲ့က ပြန်လည်ထူထောင်ရေးပေးရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။