မလေးရှားလေယာဉ် MH 370 မှဟုယူဆရသည် လေယာဉ်မှန်ပြူတင်းနှင့် ထိုင်ခုံအပိုင်းအစများကို ရီယူနီယံ ကျွန်းပေါ်ကနေ မလေးရှား ရှာဖွေရေးအဖွဲ့ တဖွဲ့က တွေ့ရှိခဲ့တယ်လို့ မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြထားပါတယ်။ လေယာဉ်ပြူတင်းပေါက်လို့ ယူဆရတဲ့ အပိုင်း အစ၊ ထိုင်ခုံကူရှင်နဲ့ အလူမီနီယံ သတ္တုပြားတွေ တွေ့ရတယ်လို့ ဆိုပေမယ့် အတည်မပြုနိုင်သေးဘူးလို့ သူက ဆိုပါတယ်။ ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့က အဆိုပါ ကျွန်းပေါ်မှ လေယာဉ်တောင်ပံ အပိုင်းအစတခုကို တွေ့ရှိခဲ့ရာ မလေးရှားဝန်ကြီးချုပ် MH 370 လေယာဉ်ကလို့ ပြောမယ့် စစ်ဆေးရေးအဖွဲ့တွေထံကတော့ အတည်ပြုချက်ထွက်မလာသေးပါဘူး။ ခရီးသည် ၂၃၉ဦးတင်ဆောင်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ပျံသန်းခဲ့တဲ့ MH 370 ပျောက်ဆုံးခဲ့တာဟာ တနှစ်ကျော်ပြီဖြစ်ပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။