ကုသိုလ်ဖြစ် လှူဒါန်းရေးခရီး သွားရောက်ရေး ဘန်ကောက် မြို့ Vibhavadi Rangsit နယ်မြေ၌ စုဝေးရန် လာရောက်သည့် လူငယ်မော်တော်ဆိုင်ကယ်သမား ၈၅၀ကို ထိုင်းရဲတပ်ဖွဲ့ နှင့် စစ်တပ်တို့က ပြီးခဲ့သည့် တနင်္ဂနွေနေ့ နံနက် စောစောက ပူးပေါင်းတားဆီးကာ ၄၁၁ ဦးကို ဖမ်းဆီးလိုက်ကြောင်း ယနေ့ထုတ် Bangkok Post သတင်း တွင် ဖော်ပြထားသည်။ ဆိုင်ကယ်စီးသူ အများစုမှာ နွန်သဘူရီပြည်နယ်မှဆယ်ကျော်သက်များဖြစ်ပြီး သူတို့ကိုယ် သူတို့ Thurian Non Kan Yao ဟု အမည်ပေးထားသည့် အဖွဲ့ဖြစ်သည်၊၎င်းတို့သည် ပထမတကြိမ်ကလည်း နီပေါငလျင် အတွက် ကူညီရန်အတွက် ဆိုင်ကယ်စီးအလှူငွေရှာခဲ့ဖူးသူများဖြစ်သည်ဟု သိရသည်။ ထိုင်းအာဏာသိမ်း စစ်ကောင်စီ အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကောင်စီ(NCPO)၏ လက်ထက်တွင် တရားမဝင် မော်တော်ဆိုင်ကယ် စီးပြိုင်ပွဲများကို ဥပဒေထုတ်ပိတ်ပင် ထားသည်။၎င်းတို့သည် လမ်းစည်းကမ်းဖောက်ဖျက်မှုနှင့် အရေးယူရခံနိုင်ကြောင်းလည်း ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။