ပြီးခဲ့သည့် သောကြာနေ့မှ စတင်ကာ တနင်္ဂနွေနေ့အထိ ညောင်ဦးဒေသ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုဂံဘုရား အမှတ် ၁၇၅၂ သည် မနေ့က ပြိုကျသွားခဲ့သည်။ ယင်းဘုရားမှာ ၂၀၀၃ခုနှစ်က အုတ်ကုန်းကို ပြန်လည်တူးဖော်၍ ဂူပုထိုးပုံစံဖြင့် တည်ထားသည့် ဘုရားဖြစ်သည်။ ပုဂံဒေသကို ယူနက်စကို အသိအမှတ်ပြု ကမ္ဘာအမွေအနှစ် စာရင်းဝင်ရေး ကြိုးစားနေချိန်တွင် ယခုကဲ့သို့ သဘာဝဘေးဒဏ်ခဲ့ရခြင်း ဖြစ်သည်။ ပုဂံ ရှေးဟောင်းမြို့ကို အေဒီ ၉ ရာစုမှာ စတင် တည်ထောင်ခဲ့ကာ ၁၁ ရာစုခန့် အထိ ထွန်းကားခဲ့ပြီး ပုဂံကို မင်းဆက် ၅၅ ဆက်ခန့် အုပ်ချုပ်ခဲ့သည်။ ၁၆ စတုရန်းမိုင် ကျယ်ဝန်းတဲ့ ပုဂံ ဧရိယာမှာ ဘုရား၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်းပေါင်း ၃၀၀၀ကျော် ရှိပြီး၊ ငလျင်ဒဏ် သုံးကြိမ် ခံခဲ့ရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။