ကင်ဂျုံအန်းလို လူငယ်ခေါင်းဆောင်တယောက်ရဲ့ ပေါ်လစီတွေနဲ့ ပတ်သက်ပြီး စိတ်မသက်သာ ဖြစ်ရတယ်လို့ ပြောဆိုမှုနဲ့ မြောက်ကိုရီးယား ဒုဝန်ကြီးချုပ် ချိုးယောင်ဂွန်းကို ကင်ဂျုံအန်းအမိန့်နဲ့ ပြီးခဲ့တဲ့ မေလက ကွပ်မျက် လိုက်တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်၊ ဒီသတင်းနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား အနေနဲ့ စောင့်ကြည့်လေ့လာနေပြီး ကင်ဂျုံအန်းလက်ထက်မှာ ကွပ်မျက်ခံရသူပေါင်း ၇၀ ရှိပြီလို့လည်း တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်ကရေးသားပါတယ်။ ကွယ်မျက်ခံရသည် ဆိုသော ဒုဝန်ကြီးချုပ် ချိုးယောင်ဂွန်းကို လူမြင်ကွင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက နောက်ဆုံးတွေ့ခဲ့ရတယ်လို့ တောင်ကိုရီးယား နှစ်နိုင်ငံ ပေါင်းစည်းရေး ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။