ထိုင်းအစိုးရက ယခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၂၈. ၈သန်းကျော်အထိ လာရောက်ရန် ရည်မှန်းထားကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။ ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ ကမ္ဘာလှည့်ခရီးသွား ၁၇.၅ သန်း လာရောက်ခဲ့ပြီး ဘတ်သန်း ၈၁၄. ၄၄ ဘီလျံအထိ ဝင်ငွေရခဲ့ပြီးဖြစ်ရာ၊ နှစ်ကုန်တွင် ကမ္ဘာလှည့် ခရီးသွား ပေါင်း ၂၉သန်းမှ သန်း၃၀ အထိလာရောက်ကာ ဝင်ငွေမှာလည်း ဘတ်သန်း ၁.၆ ထရီလီယံမှ ၁.၈ ထရီလီယံ အထိ မြင့်တက်လာမည်ဟု အစိုးရက ခန့်မှန်းသည်။
ပြီးခဲ့သည့် ဇူလိုင်လ တလတည်းပင် ကမ္ဘာလှည့်ခရီးသွား ၂သန်း ၆သိန်း ၄သောင်းကျော် လာရောက်ခဲ့ပြီး တရုတ်နှင့် မလေးရှားနိုင်ငံသားများ လည်ပတ်မှု အများဆုံးဖြစ်ကြောင်း၊ တနှစ်ထက်တနှစ် ၄၉.၃၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။ ထိုင်းအစိုးရလက်ထောက်ပြောခွင့်ရ Sansern Kaewkamnerd က အစိုးရအနေနဲ့ အောက်တိုဘာလ စောစောပိုင်းအထိ တရုတ်ကမ္ဘာလှည့်ခရီးသွား ၉သိန်းလာရောက်မယ်လို့ မျော်လင့်ထားသည်ဟု သိရပြီး၊ ယခုအခါ အမေရိကန်စီးပွားရေးမှာလည်း နာလန်ထူလာပြီဖြစ်ရာ အမေရိကန် ခရီးသည် ၁.၂ သန်းခန့် ဝင်လာမည်ဟု အစိုးရက ခန့်မှန်းသည်။ လက်ရှိတွင် ထိုင်းငွေဈေးမှာ ကျဆင်းနေခြင်းကလည်း နိုင်ငံခြားသား ခရီးသွားများကို ပိုမိုဆွဲဆောင်စေကြောင်း Sansern Kaewkamnerd က ထောက်ပြသည်။ ပြည်တွင်းခရီးသွား ဦးရေကလည်း ယခုနှစ် ပထမ ၇လတွင် ၁၃၉ သန်း ရှိပြီး ဘတ်သန်း ၄၀၀ ခန့်အထိ သုံးစွဲလာကြောင်း၊ ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာအာဏာပိုင်များအနေဖြင့် ထိုင်းလူထုကို ခရီးသွားဖို့ စည်းရုံးခြင်းဖြင့် ပြည်တွင်း ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးကို မြှင့်တင်သင့်ကြောင်း လည်း Sansern Kaewkamnerd က တိုက်တွန်းသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။