လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အဆောတလျင် အတည်ပြု ပြဋ္ဌာန်းပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စု လွှတ်တော်သို့ မနေ့က တင်ပြလိုက် ကြောင်း အစိုးရသတင်းတွင် ဖော်ပြထားသည်။ အစိုးရ သတင်းအဆိုအရ ယင်း ဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်း ပေးရန် တောင်းဆိုထားသည်မှာ ၄ကြိမ်ရှိပြီဟု သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏စာ၌ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ပုဒ်မ ၃၈ (ခ) တွင် “ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ ကိုယ်စားလှယ်ကို သက်ဆိုင်ရာ မဲဆန္ဒရှင်များက ဤဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားချက်များနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည် ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၆၉ (ခ)တွင် “သက်ဆိုင်ရာမဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည် ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၉၆ (က)တွင် “လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးကို တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့်ရှိသည့် အကြောင်းအချက်များကို လည်း ကောင်း၊ ပုဒ်မခွဲ (ခ)တွင် သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံးတစ်ရာ ခိုင်နှုန်းတို့က တာဝန်မှပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စား လှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ထံ တင်ပြရမည်။” ဟူ၍ လည်းကောင်း၊ ပုဒ်မ ၃၉၇ တွင် “ပြည်ထောင်စု လွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စရပ်နှင့် စပ်လျဉ်း၍လည်းကောင်း၊ တာဝန်မှ ပြန် လည်ရုပ် သိမ်းခြင်းဆိုင်ရာ ကိစ္စရပ်နှင့် စပ်လျဉ်း၍လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရ မည်။” ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားကြောင်း ဖော်ပြထားရှိသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ သည် ရွေးချယ် တင်မြှောက် လိုက်သည့် မဲဆန္ဒရှင်များက သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်အား ထိန်းကျောင်းပေးနိုင်မည့် မဲဆန္ဒရှင်များ၏ မူလအခွင့်အရေး တစ်ရပ်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ က ပေးအပ်ထားသော အဆိုပါ တာဝန်နှင့် အခွင့်အရေးကို မဲဆန္ဒရှင်များက ကျင့်သုံးဆောင်ရွက်လိုသော် လည်း အဆိုပါတာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာဥပဒေ ကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပေးနိုင်ခြင်းမရှိသဖြင့် မဲဆန္ဒရှင်များ၏ မူလအခွင့်အရေး ဆုံးရှုံးသည့်သဘော သက်ရောက်နေ ပါကြောင်းဖော်ပြ ထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဤဥပဒေကြမ်းကို အဆောတလျင် ပြဋ္ဌာန်းပေးရန် တောင်းဆိုချိန် သည် အာဏာရ ကြံခိုင်ဖွံဖြိုးရေးပါတီအတွင် ခေါင်းဆောင်ပိုင်း ရုတ်တရက် ပြောင်းလဲသွားပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။