တရုတ်နိုင်ငံ တီယန်ကျင်း ဆိပ်ကမ်းမြို့မှာ ယနေ့နံနက် ဒေသစံတော်ချိန် ၁၁နာရီ မိနစ် ၄၀ခန့်က ပေါက်ကွဲမှု များ ထပ်မံဖြစ်ပွားကြောင်း၊ နေရာ ၈နေရာကျော်တွင် ပြင်းထန်စွာပေါက်ကွဲခြင်းဖြစ်ပြီး မီးခိုးမဲများလည်း ကောင်းကင်မှာ ဖုံးအုပ်နေကြောင်းတရုတ်သတင်းများတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ည သန်းခေါင်အချိန်က တီယန်ကျင်း အပြည်ပြည်ဆိုင်ရာကုန်ပစ္စည်းပို့ဆောင်ရေးဆိပ်ကမ်းအတွင်း ပုဂ္ဂလိကပိုင် ရွေ့ဟိုင် ကုမ္ပဏီ၏ ဓာတုဗေဒပစ္စည်းသိုလှောင်ရုံမှ စတင်ပေါက်ကွဲရာ ပြင်းအားကြီးမားသဖြင့် လူပေါင်း ၅၀ ကျော်သေဆုံးကာ ၇၀၀ ကျော် ဒဏ်ရာရှိပြီး၊ ပေါက် ကွဲမှုနှင့် ပတ်သက်၍ နြူကလီးယားနှင့် ဓာတုဗေဒ ကျွမ်းကျင်သူ ၂၁၇ဦးများပါဝင်သည့် တရုတ်စစ် ဘက်ဆိုင် ရာ အဖွဲ့က စစ်ဆေးနေစဉ် ယနေ့နံနက်တွင် ဒုတိယအကြိမ် ပေါက်ကွဲခြင်းဖြစ်သည်၊ တရုတ်အာဏာပိုင်တို့က နေထိုင်သူအားလုံးကို ပေါက်ကွဲမှုဖြစ်သည့် နေရာနှင့် ၃ ကီလိုမီတာ ဝေးသည့်နေရာသို့ ရွေ့ပြောင်းပေးနေသည်။ ကယ်ဆယ်ရေး လုပ်သားများက လူကိုသေစေနိုင်သည့် ဆိုဒီယမ် ဆိုင်ယမ်နိုက် တန်ချိန် ၇၀၀ခန့်ကို ယင်း ဧရိယာအတွင်းမှ ဖယ်ရှား ရန်ကြိုးစားနေကြောင်း ကွန်မြူနစ်ပါတီ အာဘော် People’s Daily ကဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။