တီယန်ကျင်း ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ထွက်ပေါ်လာသည့် ကောလဟလသတင်းများကြောင့် တရုတ်အာဏာပိုင်တို့က ဝက်ဘ်ဆိုဒ် ၅၀ကို ပိတ်ပစ်လိုက်ကြောင်း တရုတ်ဆိုက်ဘာစီမံခန့်ခွဲမှု အဖွဲ့ ထုတ်ပြန်ချက်ကို ကိုးကား၍ တရုတ်သတင်းများကဆိုသည်။ တီယန်ကျင်းပေါက်ကွဲမှုတွင် လူ ၁ထောင်ခန့် သေဆုံးသည်၊ တီယန်ကျင်းရှိ ကုန်တိုက်တခု လုယက်ခံရ သည်၊ တီယန်ကျင်းမြို့ အာဏာပိုင်များအကြား အပြောင်းအလဲများ ဖြစ်ပေါ်နေပြီ ဆိုသော အခြေအမြစ်မရှိသော သတင်းများကြောင့် သတင်းဝက်ဘ်ဆိုဒ်များကို ပိတ်ပင်လိုက် ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းကဆိုသည်။ ဤသို့သော သတင်းအမှားများသည် လူ့မှုအသိုင်းအဝန်းအတွက် အန္တရာယ်ရှိသောကြောင့် ဝက်ဘ်ဆိုဒ် ၁၈ခုကို လိုင်စင်ရုပ်သိမ်းလိုက်ပြီး၊ ၃၂ခုကို ဆိုင်းငံထား လိုက်ကြောင်း CACက ဆိုသည်။ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ သန်းခေါင်အချိန်က ဖြစ်ပွားခဲ့သည့် တီယန်ကျင်း အပြည်ပြည်ဆိုင်ရာကုန်ပစ္စည်းပို့ဆောင်ရေးဆိပ်ကမ်းအတွင်း ပုဂ္ဂလိကပိုင် ရွေ့ဟိုင် ကုမ္ပဏီ၏ ဓာတုဗေဒပစ္စည်းသိုလှောင်ရုံမှ စတင်ပေါက်ကွဲရာလူပေါင်း ၁၀၀ကျော် သေဆုံးခဲ့ရပြီး ၅၀ ကျော်ပျောက်ဆုံးနေကာ ၇၀၀ ကျော်ဆေးကုမှု ခံယူနေရသည်၊ ယခုအခါ အဆိုပါ ကုန်လှောင်ရုံဝန်းအတွင်း အန္တရာယ်ရှိသည့် ဆိုဒီယမ် ဆိုင်ယမ်နိုက် ဓာတုပစ္စည်းများ တန်ပေါင်း ရာချီသိုလှောင်ထားကြောင်း တရုတ်အာဏာပိုင်တို့က ဝန်ခံခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။