ဘန်ကောက်မြို့လည် နိုင်ငံခြားခရီးသွားများဖြင့် စည်ကားသည့် လေးမျက်နှာဘုရားဟု လူသိများသော ဧရာဝဏ်နတ်ကွန်းအနီး ဗုံးပေါက်ကွဲမှု သေဆုံးသူ ၁၂ဦး အထိရှိလာပြီး၊ ဒဏ်ရာရသူမှာလည်း ဆယ်ဂဏန်းရှိကြောင်း ဘန်ကောက်ရဲနှင့် ကယ်ဆယ်ရေးလုပ်သားများကဆိုသည်။ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူများ၏ ခန္ဓာကိုယ်အပိုင်းအစများ လမ်းပေါ်တွင် ပြန့်ကျဲနေကြောင်းမျက်မြင်သက်သေများကပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။