အာဏာရ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌတာဝန်မှ သူရ ဦးရွှေမန်းကို ဖယ်ရှားကာ ဒုဥက္ကဋ္ဌ ဦးဌေးဦးနှင့် အစားထိုးခဲ့ခြင်းနှင့် ပတ် သက်ပြီး ဥပဒေနှင့် ကိုက်ညီဖို့၊ လာမယ့်ရွေးကောက်ပွဲကို မထိခိုက်စေဖို့ ကုလသမဂ္ဂက တိုက်တွန်းကြောင်း VOA သတင်းမှာ ဖော်ပြပါတယ်။
“မြန်မာနိုင်ငံမှာ အာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအတွင်း ခေါင်းဆောင်အပြောင်းအလဲတွေ ဖြစ်တဲ့အကြောင်း ကျနော်တို့ သိရှိထားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ မကြာခင်မှာ ရွေးကောက်ပွဲ ကျင်းပတော့မယ့်၊ အရေးကြီးတဲ့ကာလကို ရောက်နေပြီဖြစ်တဲ့အတွက် အခုလို အရေးယူဆောင်ရွက်မှုအားလုံးဟာ တည်ဆဲဥပဒေနဲ့ ကိုက်ညီပြီးတော့ ဒီမိုကရေစီမူဘောင်ကို အားဖြည့်ပေးရရောက်စေတဲ့အပြင် ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ကိုလည်း လိုက်နာလေးစားရာ ရောက်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလမှာ ကျင်းပမယ့်ရွေးကောက်ပွဲဟာဆိုရင်လည်း လွတ်လပ်ပြီး တရားမျှတတဲ့အပြင် ယုံကြည်ကိုးစားမှုရှိ တဲ့ ရွေးကောက်ပွဲဖြစ်နိုင်ရေး အတွက် ပါဝင် ပတ်သက်နေသူအားလုံး သံန္နိဌာန် ခိုင်ခိုင်မာမာနဲ့ ဆောင်ရွက်ပေးကြဖို့ကိုလည်း ကုလသမဂ္ဂက တိုက်တွန်းပါတယ်” ဟုဖော်ပြထားသည်။
ဒါအပြင် မနေ့က သမ္မတ ဦးသိန်းစိန် ပြည်ခိုင်ဖြိုး ပါတီရုံးချုပ်ကို လာရောက်ပြီး ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (၉၉/ခ) အရ ဒု-ဥက္ကဋ္ဌဖြစ်တဲ့ ဦးေဋ္ဌးဦးကို ပါတီရဲ့ပူးတွဲဥက္ကဋ္ဌတာဝန်ကို တရားဝင် လွှဲပြောင်းပေးခဲ့တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ နဲ့ ငြိစွန်းနိုင်တယ်လို့ ဥပဒေပညာရှင် တချို့က ထောက်ပြနေကြပါတယ်။