ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဟောင်း ဦးရွှေမန်းကို ဖြုတ်ချခဲ့သောလုပ်ရပ်သည် ဒီမိုကရေစီနည်းလမ်းတကျ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဟု ယနေ့ ဩဂုတ် ၁၈ ရက် မနက် နေပြည်တော် လွှတ်တော်အဆောက်အဦးတွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ ဦးရွှေမန်းကို ရည်ရွယ်ပုံရသော လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကိုလည်း အဓိပ္ပါယ်မရှိကြောင်းလည်း ပြောဆိုသည်။ ပါတီ၏ ဥက္ကဋ္ဌ ရာထူးမှ သြဂုတ်လ ၁၂ ရက်နေ့မှာ ဖြုတ်ချလိုက်ပြီးနောက် ယနေ့ သတင်းစာရှင်းလင်းပွဲ ဦးရွှေမန်း ပြုလုပ်ရန် ကနဦး သတင်းများထွက်လာသော်လည်း မလုပ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲသာပြုလုပ်ခဲ့သည်။ ဦးရွှေမန်း ဖြုတ်ချခံရခြင်းနှင့်ပတ်သက်သည့် အကြောင်းပြချက်တခုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးကျွမ်းဝင်ခြင်း ဖြစ်သည်။ ယမန်နေ့ကလည်း ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းများအရ သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။