ဘန်ကောက်မြို့လည် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အစိုးရ ဆန့်ကျင်ရေးအင်အားစု ရှပ်နီတို့၏ လက်ချက်ဟု သံသသယရှိကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ပြောဆိုသည်ဟု AFP သတင်းတွင် ဖော်ပြထား သည်။ ဝန်ကြီးချုပ်၏ မှတ်ချက်စကားမှာ ထိုင်းတောင်ပိုင်းတွင် ဗုံးဖောက်ခွဲမှုများ ပြုလုပ်နေသည့် မွတ်ဆလင်ခွဲ ထွက်ရေး သမားများထက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို သစ္စာရှိသည့်အုပ်စုများ အပေါ် ကျရောက်နေကြောင်း AFP ကဆိုသည်။ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူနှင့် မလေးရှား စသည့်နိုင်ငံ သားများ ၂၁ဦးသေဆုံးရသည့် နိုင်ငံခြား ခရီးသွားများကို ပစ်မှတ်ထား တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အဆိုးရွားဆုံး တိုက်ခိုက်မှုဟု ဝန်ကြီးချုပ် ပရာယွဒ်က အမည်တတ်လိုက်ပြီး ကာကွယ်ရေး ဝန်ကြီး ပရာဝစ်ဝေါင်ဆူဝမ်ကလည်း ယခုလုပ်ရပ်သည် တိုင်းပြည်၏ အဓိကစီးပွားရေးဖြစ်သည့် ခရီးသွားလုပ်ငန်းကို ရည်ရွယ် တိုက်ခိုက် ခြင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်။
မနေ့ ညနေ ၆နာရီ ၅၅မိနစ်ခန့်က ဖြစ်ပွားခဲ့သည့် ဘန်ကောက်မြို့လည် လူစည်ကားရာ ဧရာဝဏ် နတ်ကွန်း အနီး ပေါက်ကွဲမှုတွင် အနည်းဆုံး ၂၁ဦး သေဆုံးခဲ့ပြီး၊ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်၊ Reutre သတင်းအဆိုအရ ၂၇ ဦးအထိသေဆုံးကြောင်းသိရသည်။
ဘန်ကောက်အခြေစိုက် The Nation သတင်က ဗုံး၏ ယမ်းအားမှာ ၅ ကီလို ဂရမ်ရှိပြီး ပေါက်ကွဲမှုမှာ မီတာ ၄၀ ပတ်လည် အထိ ပြင်းထန်ကြောင်း ရဲတပ်ဖွဲ့ကို ကိုးကား၍ ရေးသားထားသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထိုင်းနိုင်ငံတဝှမ်း အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့် စက်ဘီးစီးပြိုင်ပွဲကို ပြုလုပ်ပြီးနောက် တနင်္လာနေ့တွင် ထိုသို့ ပေါက်ကွဲမှုဖြစ်ခြင်းဖြစ်သည်။