ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်မှ ဗုံးပေါက်ကွဲမှု သေဆုံးသူထဲတွင် မြန်မာနိုင်ငံသား မပါဝင်ကြောင်း ဘန်ကောက် အခြေစိုက် မြန်မာသံရုံးမှ သံအမတ်ကြီး ဦးဝင်မောင်က ဧရာဝတီကို ပြောသည်။
ကျနော်တို့ သိရသလောက် သေတဲ့အထဲမှာ မြန်မာမပါဘူး။ ဒဏ်ရာရတဲ့ သူတွေ ထဲမှာလည်း စုံစမ်းနေပါတယ်။ လူနာသယ်တဲ့ ဆေးရုံကားတွေက များတော့ ဘယ်ဆေးရုံ တွေကို ယူသွားလဲဆိုတာ လိုက်နေတုန်းပဲ။ လောလောဆယ် ထိုင်းဘက်က ဘာမှပြော လာတာ မရှိသေးဘူး။ ကျနော်တို့ဆီက အတွင်းဝန် (၂) ဦးထွန်းအေးကို လွတ် ထားပါ တယ်။
သေဆုံးသူထဲတွင် နိုင်ငံခြားသားများ အများဆုံးတွေ့ရှိရကြောင်း အခင်းဖြစ်ပွားသည့် နေရာနှင့် အနီးအနားရှိ တရုတ်စားသောက်ဆိုင်တွင် အလုပ်လုပ်နေကြသည့် မြန်မာ အလုပ်သမားသမားများက ဆိုသည်။
ထိုင်းအစိုးရကလည်း ဘန်ကောက်မြို့ထဲက လတ်ချပစုံ၊ စီးလုံ၊ ပထုန်ဝန်၊ အနုဆာဝါရီ၊ ဆူခွန်ဗစ် ခေါင်းဆန် စသည့် စည်ကားရာ ၁၀နေရာကိုလည်း အန္တရာယ်ရှိသည့် နေရာများအဖြစ်သတ်မှတ်ကာ လုံခြုံရေး စောင့်ကြပ်နေသည်။