ထိုင်းအစိုးရအနေနဲ့ နိုင်ငံခြားသားများ၏ အသက်အိုးအိမ်လုံခြုံရေးအကာကွယ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ယနေ့နေ့လည်က ရုပ်မြင်သံကြားမှတဆင့် တိုင်းပြည်ကို ပြောကြားသည့် မိန့်ခွန်းမှာ ဆိုပါတယ်။ မနေ့က ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရသူ အများစုမှာ နိုင်ငံခြား သား ကမ္ဘာလှည့်ခရီး သွားများဖြစ်ပြီး ထို့အတွက်လည်း နစ်နာကြေးအဖြစ် တဦးလျှင် ဘတ် ၁သိန်း (ကန်ဒေါ်လာ ၂၈၀၀ကျာ်)၊ သေဆုံးသူများအတွက် ဘတ် ၃သိန်း(ကန်ဒေါ်လာ ၈ထောင်ကျော်) ပေးရန် ရည်ရွယ်ကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။