မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးအောင်ကျော်မိုးသည် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သောကြောင့် တာဝန်မှ အနားယူသွားပြီဖြစ်ပြီး လစ်လပ်သွားသော နယ်/လုံဝန်ကြီး ရာထူးနေရာတွင် မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူက ပူးတွဲ တာဝန်ယူထားကြောင်း သတင်းရရှိသည်။
ဗိုလ်မှူးကြီးအောင်ကျော်မိုးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် မန္တလေး တိုင်းဒေသကြီး လွှတ်တော် မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်း ထားကြောင်း မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။