ဘန်ကောက်မြို့လည် ဧရာဝဏ်နတ်ကွန်းအနီး လူ ၂၀ဦးသေဆုံးခဲ့ရသည့် ဗုံးကွဲမှု၌ သံသယရှိသူကို သတင်း ပေးနိုင်လျှင် ဘတ်ငွေ ၁သန်းပေးမည်ဟု ထိုင်းရဲတပ်ဖွဲ့က ဆုငွေထုတ်လိုက်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။ ထိုသူမှာ အဝါရောင်တီရှပ်ဝတ်ဆင်ကာ မျက်မှန်ကိုင်းအနက်ရောင် တတ်ဆင်ထားသည့် အရှေ့အလယ်ပိုင်းသားဟု ယူဆရသူဖြစ်ပြီး၊ ဗုံးဖောက်ခွဲသူ ဖြစ်ရန် ၅၀ရာခိုင်နှူန်းကျော် သေချာသည့်အတွက် ရဲကလိုက်လံရှာဖွေနေခြင်းဖြစ်ကြောင်းသိရသည်၊ အခင်းမဖြစ်ပွားမီ အဝါရောင်တီရှပ်ဝတ်ဆင်ထားသည့် ထိုသူ သည် အိတ်တလုံးကို ယူလာပြီးနောက် နတ်ကွန်းအနီးတွင် ခဏထိုင်ကာ မကြာမီ အိတ်မပါပဲ အပြင်ထွက်သွားကြောင်း လုံခြုံရေး ကင်မရာ CCTV တွင် ထိုသို့တွေ့မြင်ရပြီးနောက် ထိုသူကို ရဲများက လိုက်လံရှာဖွေနေခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။