ဂျပန်နိုင်ငံ အနောက်တောင်ဘက် ဆန်ဒိုင်း နြူကလီယားဓာတ်အားပေး စက်ရုံနှင့် ၃၁မိုင်အကွာရှိ ဆာကူရာဂျီ မာ မီးတောင်သည် ယနေ့နံနက် ၃နာရီ ၁၃ မိနစ်ခန့်က အင်အားနည်းသည့် အသေးစားပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ဂျပန် မိုးလေဝသ ဌာန(JMA) က သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါမီးတောင်အနီး အသေး စား ငလျင်များ အကြိမ် ၁ထောင်ကျော် လှုပ်ရှားခဲ့ပြီးနောက် ပြီးခဲ့သည့် စနေနေ့က ဂျပန်မိုးလေဝသဌာန မှ အဆင့် ၃မှ အဆင့် ၄အထိ တိုးမြှင့်သတ်မှတ်ကာ သတိပေးမှုများ ပြုလုပ်ခဲ့ပြီး ဒေသခံ ၇၁ ဦးကို ပြောင်းရွေ့ပေးခဲ့သည်၊ နောက်ထပ် လူ ၄၅၀၀ ခန့်လည်း ထပ်မံရွေ့ပြောင်းရနိုင်ကြောင်း အာဏာပိုင် တွေက သတိပေးထားသည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကလည်း ဂျပန်နိုင်ငံတွင် ပြင်းအား မဂ္ဂနီကျု ၉ရှိသည့် တိုဟိုကု (Tohoku) ငလျင်ကြီးကြောင့် ဆူနာမီ ရေလှိုင်းကြီးများ ဖြစ်ပေါ်ကာ အရှေ့ဘက် ကန်းရိုးတန်းတလျှောက်တွင် ကြီးမားလှသော ပျက်ဆီးဆုံးရှုံးမှုများ၊ အသေအပျောက်များ ဖြစ်ပေါ်ခဲ့ကာ ဖူကူရှီးမားဒေသရှိ တိုကျို လျှပ်စစ်စွမ်းအား ထုတ်လုပ်ရေး ကုမ္ပဏီ (Tokyo Electric Power Company – TEPCO) ပိုင် နျူကလီးယား လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံ အမှတ် (၁) မီးလောင်ပျက်စီးကာ ရေဒီယို သတ္တိကြွရောင်ခြည်များ ထုတ်လွှင့်မှုများ ဖြစ်ပေါ်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။