ဈေးကွက်ထဲတွင် ရွှေနှင့် ဒေါ်လာကို ဝယ်ယူမှု များပြားနေသည်။ ယနေ့ သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းတွင် အခေါက်ရွှေ တကျပ်သားလျှင် ၇၇၅,၀၀၀ ကျပ်ပေါက်နေပြီး တရားဝင်ငွေလဲကောင်တာများတွင် တဒေါ်လာလျှင် ဝယ်ဈေး ၁၂၈၄ ကျပ်၊ ရောင်းဈေး ၁၂၉၅ ကျပ်၊ အပြင်ဈေးကွက် ပေါက်ဈေးမှာ ရောင်းဈေး တဒေါ်လာလျှင် ၁၃၂၀ ကျပ် ဖြစ်သည်။ ကမ္ဘာရွှေဈေးမှာ တအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၃၉ တွင် ရှိနေပြီး၊ ဒေါ်လာဈေးမှာလည်း ဗဟိုဘဏ်မှ ယနေ့ သတ်မှတ်ငွေလဲနှုန်းမှာ တဒေါ်လာလျှင် ၁၂၈၃ ဖြစ်သည်။ အမေရိကန် ဒေါ်လာဈေး ခိုင်မာလာခြင်း၊ တရုတ်ယွမ်ငွေ ဈေးကျဆင်းခြင်းတို့သည် မြန်မာကျပ်ငွေတန်ဘိုးကို ဆွဲချနေသည်။ ထို့ပြင် ရေဘေးနှင့် ကြံ့ခိုင်ရေးပါတီ အကွဲအပြဲက စီးပွားရေး မတည်ငြိမ်မှုကို ဖြစ်ပေါ်စေပြီး စားသုံးသူလူထု၏ စိတ်ချယုံကြည်မှု ကျဆင်းနေစေသည်။ ထို့ကြောင့် တန်ဖိုးခိုင်မာနေသော ဒေါ်လာနှင့် ရွှေကို ဝယ်ယူစုဆောင်းမှု မြင့်လာခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။