ယနေ့နံနက်ပိုင်းက ဆလိုဗက်ကီးယား နိုင်ငံအရှေ့ပိုင်း၌ ခရီးသည် ၄၀ တင်ဆောင်လာသည့် ချက်ကိုစလိုဗက်ကီးယားလုပ် L-410 လေယာဉ်နှင့် လေ့ကျင်ရေး လေယာဉ်ငယ်တစီးတို့ အမြင့်ပေ ၄၉၂၁(မီတာ ၁၅၀၀)ခန့်တွင် ပျံသန်းနေစဉ် တိုက်မိရာ လူ၇ဦးသေဆုံးသွားကြောင်း ဒေသတွင်း သတင်းများကို ကိုးကား၍ AP သတင်းတွင် ဖော်ပြထားသည်။ယခုတလော လေယာဉ်နှင့် ပတ်သက်၍ ထိခိုက်မှုများ ဖြစ်ပွားနေ ရာ ပြီးခဲ့သည့် ရက်ပိုင်းက အင်ဒိုနီးရှား ထရီဂါနာ လေကြောင်းလိုင်းမှ ATR 42-300 အမျိုးအစား ခရီးသည်တင်လေယာဉ်ကို ပျက်ကျရာ ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၅၄ ဦးသေဆုံးခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။