ကျောက်ဆည်မြို့ အနောက်ဘက်၆မိုင်အကွာရှိ တမုတ်ရှင်ပင် ရွှေဂူကြီး စေတီကို အစိုးရအဖွဲ့ ခွင့်ပြုချက်ရပါက ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာဇုန် (Ancient Monumental Zone)အဖြစ် သတ်မှတ် မည်ဟု ယဉ်ကျေးမှု ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ပုဂံခေတ် အနော်ရထာမင်း က တထပ်ဂူဘုရား အဖြစ်တည်ခဲ့ပြီး နရပတိစည်သူမင်းက နှစ်ထပ်ဂူဘုရားအဖြစ် ပြုပြင်ကာ၊ ပင်းယခေတ် ဥဇနာမင်းက စေတီ တော်အသစ်အဖြစ်လည်းကောင်း ပြုပြင်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ကုန်းတော်ကြီးကို ရှင်းလင်းရာ စေတီ တော်ကြီး အတွင်းနှင့် အပြင်၌ ပုဂံခေတ်အင်္ဂတေပန်းတော့ ရုပ်ကြွလက်ရာဒီဇိုင်းများ၊ နံရံဆေးရေး ပန်းချီများ၊ ဇာတ်တော်နံပါတ်စဉ်နှင့် ဇာတ်တော်အမည်ရေးထိုးထားသောငါးရာ့ငါးဆယ်သရုပ်ဖော် ဖောင်း ကြွရုပ်ပုံများ၊ ရုပ်ပွားတော်များနှင့် မုခ်ဦး တံကဲ ကနုတ်ပန်း ဒီဇိုင်းများတဆင့်ချင်းပေါ်ထွက်ခဲ့သည်။ ယခုအခါ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်ရယူပြီး အစိုးရအဖွဲ့၏ သဘောတူညီချက်ရပါက ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန် (Ancient Monumental Zone)အဖြစ် သတ်မှတ်မည်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။