မွန်ပြည်နယ်၏ နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးဌေးမြင့်အောင်သည် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက် မည်ဖြစ်ရာ ၎င်း၏ နေရာတွင် ဗိုလ်မှူးကြီးဝင်းနိုင်ဦးကို အစားထိုးခန့်အပ်လိုက်ကြောင်း သိရှိရသည်။
ဗိုလ်မှူးကြီးဌေးမြင့်အောင်သည် လာမည့်၂၀၁၅ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ သထုံမြို့နယ် ပြည်နယ် အမှတ်(၁)မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။