ကရင်ပြည်နယ် ဘားအံမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ဒုဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်တဦးတို့ ရာထူးမှ နုတ်ထွက်သွားကြောင်း သတင်းရသည်။ နုတ်ထွက်သူ ၂ ဦးသည် ဒုဥက္ကဋ္ဌ ဦးစောဖိုးဝါး နှင့် အလုပ်မှုဆောင် ဦးစောကလူထော ဖြစ်ပြီး NLD ၏ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများစာရင်းကို မကျေနပ်ခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။ ၎င်းတို့ ၂ ဦးသည် ၂၀၁၅ရွေးကောက် ပွဲတွင် ကရင်အမျိုးသားပါတီ (KNP)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း KNP တာဝန် ရှိသူ တဦးက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။