နိုဝင်ဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို စောင့်ကြည့်ရန် ဥရောပသမဂ္ဂ (EU) ကိုယ်စားလှယ်များကို လက်ခံရန် EU နှင့် မြန်မာအစိုးရကြား နားလည်မှုစာချွန်တော် (memorandum of understanding) ကို ယနေ့ သောကြာနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ EU ကိုယ်စားလှယ်အဖွဲ့တွင် လူ ၁၀၀ ကျော်ပါဝင်မည်ဖြစ်ပြီး ကနေဒါ၊ဆွစ်ဇာလန်နှင့် နော်ဝေနိုင်ငံများမှ ကိုယ်စားလှယ်များလည်း ပါဝင်မည်ဖြစ်သည်။ ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲအကြို စောစီးစွာ ရောက်လာကြမည်ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့ အသီးသီးနှင့် တွေ့မည်ဖြစ်သည်။ ကိုယ်စားလှယ်အဖွဲ့သည် မဲရေတွက်ပြီးသည့်အထိ ရှိနေမည်ဖြစ်ပြီး ရွေးကောက်ပွဲစနစ်ကို အတွင်းကျကျ လေ့လာစောင့်ကြည့်မှတ်တမ်းတင်မည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။