ဂျပန်နိုင်ငံ တိုကျိုမြို့ အနီး ဆာဂါမီဟာရာမြို့ရှိ အမေရိကန် စစ်အခြေစိုက်စခန်းမှ လောင်စာနှင့် စစ်လက်နက်ပစ္စည်းသိုလှောင်ရာ ဂိုဒေါင်တွင် ယနေ့နံနက် ၁နာရီခန့်က ပေါက်ကွဲမှုကြီးတရပ် ဆက်တိုက် ဖြစ်ပွားကြောင်း ဂျပန် NHK သတင်းတွင် ဖော်ပြ ထားသည်။ ယင်းပေါက်ကွဲမှုသည် လူနေရပ်ကွက်နှင့် နီးသော်လည်း ထိခိုက်သေကြေမှု မရှိကြောင်း၊ အတည်မပြုနိုင်သေးသည့် သတင်းများအရ စစ်လက်နက် များသိုလှောင်ရာနေရာမှ စတင်ပေါက်ကွဲ ခြင်းဖြစ်သည်ဟုဆိုပြီး ဒေသတွင်း မီဒီယာများအဆိုရ ပေါက်ကွဲမှုနှင့် အနီးရှိ လူများကို ပြောင်းရွေ့ပေး ရခြင်းမရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။