ထိုင်း- မလေးရှား နယ်စပ်အနီး တောတွင်းတနေရာတွင် လူကုန်ကူးခံရသူများ၏ အလောင်းများဟု ယူဆရသည့် အလောင်း ၂၄လောင်းကျော်ကို ထပ်မံတွေ့ရှိကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။ လူကုန်ကူးခံရသူများမှာ ရိုဟင်ဂျာများဖြစ်နိုင်ကြောင်း စောစောပိုင်းက ရှာတွေ့ခဲ့သည့် အလောင်းပေါင်း ၁၀၆လောင်း၏ နောက်ဆက်တွဲ ဖြစ်နိုင်ကြောင်း၊ ရှာဖွေတွေ့ရှိသည့် ရုပ်အလောင်းများကို ခွဲစိတ်စစ်ဆေးရန် ပြုလုပ်နေကြောင်း သိရသည်၊ ပြီးခဲ့သည့် မေလအတွင်းက ထိုင်းနှင့် မလေးရှားနယ်စပ်တွင် လူကုန်ကူးခံရသူများအား တရားမဝင် ထိန်းသိမ်းရေး စခန်းများတွေ့ရှိခဲ့ပြီးနောက်ပိုင်း စစ်းဆေးမှုများ ပြုလုပ်ခဲ့ရာ လူကုန်ကူးမှု တွင် ထိုင်းစစ်တပ်မှ ဗိုလ်ချုပ်တဦး ပါဝင်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။