တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရာတွင် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာ မိတ် တပ်မတော်(MNDAA) ကိုးကန့်တပ်ဖွဲ့၊ ရကိ္ခုင့် တပ်မတော် (AA)၊ ပလောင်(တအာင်း) လွတ်မြောက်ရေး တပ်မတော်(TNLA) ၃ဖွဲ့ အနေဖြင့် လက်နက်စွန့်ရမည်ဟု ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စာနယ်ဇင်းကောင်စီ(ယာယီ)ဖြင့် မနေ့က တွေ့ဆုံစဉ်ပြောဆိုကြောင်း အစိုးရသတင်းနှင့် စစ်တပ်ပိုင်မြဝတီ သတင်းတွင် ဖော်ပြထားသည်။
MNDAA ၊ TNLA နှင့် AA အဖွဲ့၃ဖွဲ့နှင့် ပတ်သက်၍ MNDAA သည် အချုပ်အခြာအာဏာကို ထိပါးလာ၍ တိုက် ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရအစိုးရအဖွဲ့ နှင့်လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာန ချုပ်တို့အား စစ်ကြေညာပြီး စတင်တိုက်ခိုက်လာသူဖြစ်၍ ငြိမ်းချမ်းရေး လုပ်၍မရကြောင်း၊ လက်နက်စွန့် ရမည်ဖြစ် ကြောင်း၊ MNDAA နှင့်ဆက်စပ်ပြီး ဝိုင်းဝန်းကူညီခဲ့ကြသူများဖြစ်သည့် TNLA နှင့် KIA တပ်မဟာ(၄)ဟု ၎င်းတို့ခေါ်ဆိုနေသူ များမှာလည်း လက်နက်စွန့်ရမည်ဖြစ်ကြောင်း၊ AA အဖွဲ့မှာလည်း KIA မှမွေးထုတ်လိုက် သည့်လက် အောက်ခံအဖွဲ့သာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်းဝင်လာ၍ မိမိတို့နယ်စပ် အထိတိုက်ထုတ် ခဲ့ကြောင်း ဆိုသည်။
NCA စာချုပ်လက်မှတ်ရေးထိုးသည့် အဖွဲ့များအနေဖြင့်လည်း နဂိုလက်ခံထားသည့်အတိုင်း SSR/DDR ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း စဉ်အတွက် လတ်တလောအချိန် ကာလတစ်ခုအထိ လက်နက်အပ်ရန်၊ ဖျက်ဆီးရန် မလိုသေးဘဲ လက်နက်များကို ထိန်းသိမ်း ထားရမည်သာဖြစ်ကြောင်း၊ နောက်ပိုင်းတွင် SSR/DDR လုပ်ငန်းစဉ်များအတိုင်း စည်းကမ်းနှင့် အညီဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်ဟု ဖော်ပြထားသည်။