တောင်ကိုရီးယားက နယ်စပ်ဖြတ်ကျော်ကာ ပြုံယမ်း ဆန့်ကျင်ရေး ဝါဒဖြန့်လုပ်ဆောင်နေမှုကို ရပ်ဆိုင်း လိုက်ကြောင်း တောင်ကိုရီးယား အခြေစိုက် ယွန်ဟပ်သတင်းက ဆိုသည်။
မာရသွန်ဆွေးနွေးပွဲဟု တင်စားခေါ်ဝေါ်ကြသည့် မနေ့က ပြုလုပ်သော နှစ်နိုင်ငံ တင်းမာမှုလျော့ပါးရေး နာရီ ၄၀ကျော်အကြာ ဆွေးနွေးပြီးနောက် ထိုသို့ထွက်ပေါ်လာခြင်းဖြစ်သည်။
နောက်ဆက်တွဲ သဘောတူညီမှုအရ နှစ်နိုင်ငံ ပူးတွဲ ကျေညာချက်ထုတ်ပြန်ခဲ့ပြီး၊ တောင်ကိုရီးယားက မြောက် ကိုရီးယား ဆန့်ကျင်ရေး အသံလွှင့်နေမှုကို ရပ်ဆိုင်းရန် ကတိပြုကာ မြောက်ကိုရီး ယားကလည်း သူ၏ ရန်စမှုကို စိတ်မကောင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု ယွန်ဟပ်က ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၀ရက်နေ့က စစ်မဲ့ဇုန်ကို ကျော်က မြောက်ကိုရီးယားက တောင်ကိုရီးယား စစ်အခြေစိုက် စခန်းကို ဒုံးကျည်နှင့် ပစ်ခတ်ခဲ့ပြီးနောက် တောင်ကိုရီးယားကလည်း အမြောက်ဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ရာ တင်းမာမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
နယ်စပ်တလျှောက် တောင်ကိုရီးယားက မြောက်ကိုရီးယား ဆန့်ကျင်ရေး ဆက်လက်ထုတ်လွှင့်မှုနေမှုကြောင့် တင်းမာမှုများ ပိုမိုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ နှစ်ဘက် သဘောတူညီမှုမရရှိ မှီအချိန်အတွင်းမှာ ပင် တောင်ကိုရီးယား၏ ဝါဒဖြန့်ချိရေးများ မရပ်ဆိုင်းလျှင် အသံချဲ့စက်များကို ပစ်ခတ်ဖျက်ဆီးပစ်မည်ဟု မြောက်ကိုရီးယားက ရာဇသံပေးခဲ့သည်။