ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဧရာဝဏ် ဟိန္ဒူဘုရားကျောင်းမှာ ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထိုင်းရဲချုပ် Somyot Poompanmoung ဟာ ဘန်ကောက်မြို့က အချက်အခြာကျတဲ့ တိုးရစ်တွေ အလည်များတဲ့ နေရာ တွေကို သွားရောက်လည်ပတ်ပြီး ကမ္ဘာလှည့် တိုးရစ်တွေကို တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါတယ်။ သူလည်ပတ်ခဲ့တဲ့ နေရာတွေထဲမှာ နံမည်ကြီး Nana Plaza လဲပါဝင်တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်က ဗုံးပေါက်ကွဲမှုဟာ ကမ္ဘာလှည့်တိုးရစ်တွေကို အဓိက ပစ်မှတ်ထား တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံက ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းဟာ ဝင်ငွေအများဆုံး ရတဲ့ လုပ်ငန်းဖြစ်ပြီး ဒီနှစ်ထဲမှာ ကမ္ဘာလှည့်ခရီးသည်ပေါင်း ၂၈.၈ သန်း လာရောက်ဖို့ ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။
ဒီနှစ် ဇန်နဝါရီမှ ဇူလိုင်လကုန်အထိ ကမ္ဘာလှည့်ခရီးသွား ၁၇.၅ သန်း လာရောက်ခဲ့ပြီး ဘတ်သန်း ၈၁၄. ၄၄ ဘီလျံအထိ ဝင်ငွေရခဲ့ပြီးဖြစ်ရာ နှစ်ကုန်တွင် ကမ္ဘာလှည့် ခရီးသွား ပေါင်း ၂၉သန်းမှ သန်း၃၀ အထိလာရောက်ကာ ဝင်ငွေမှာလည်း ဘတ်သန်း ၁.၆ ထရီလီယံမှ ၁.၈ ထရီလီယံ အထိ မြင့်တက်လာမည်ဟု အစိုးရက ခန့်မှန်းတွက်ချက်နေချိန်မှာ အခုလို ကမ္ဘာလှည့်ခရီးသွား စည်ကားရာ နေရာမှာ ဗုံးကွဲမှုဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။