ယောကျာ် ပြည့်တန်ဆာလုပ်ငန်းကို အင်တာနက်မှာ ဝက်ဘ်ဆိုဒ်ဖွင့်ကာ ကြော်ငြာ လုပ်ကိုင်နေတဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့က လူ ၇ဦးကို အမေရိကန် ရဲတပ်ဖွဲ့က ယမန်နေ့က ဖမ်းဆီးလိုက်ပါတယ်။ rentboy.com အမည်ပေးထားတဲ့ ဝက်ဘ်ဆိုဒ်ဟာ အာဖဂန်နစ္စတန်၊ ထိုင်း၊ ယူအေအီး စတဲ့ နိုင်ငံစုံတော် တော် များများမှာ ချိတ်ဆက်ကာ ကမ္ဘာတလွှားနဲ့ အမေရိကန်မှာ ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ အဲဒီဝက်ဘ်ဆိုဒ်ဟာ ပြီးခဲ့တဲ့ ၅နှစ် အတွင်း ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀သန်းကျော် ရှာဖွေခဲ့ပြီး လတ်တလော မှာတော့ အမေရိကန် ပြည်ထဲရေးနဲ့ လုံခြုံရေးဌာနက ဘဏ်အကောင့် ၆ခုက အမေရိကန် ဒေါ်လာ ၁.၄သန်းကို သိမ်းယူဖို့ အမိန့်ထုတ်ထားပါတယ်။ ဖမ်းခံရသူ ယောကျာ် ၆ဦးနဲ့ မိန်းမ၁ ဦးဟာ အနည်းဆုံးထောင်ဒဏ် ၅နှစ် နှင့် အမေရိကန် ဒေါ်လာ ၂သိန်းခွဲ ဒဏ်ငွေပေးဆောင်ရနိုင်တယ်လို့လည်း ဆိုပါတယ်။ ဒီဝက်ဘ်ဆိုဒ်နဲ့ ချိတ်ဆက်ထားသူတွေဟာ တလကို လိင်နဲ့ ပတ်သက်ဝန်ဆောင်မှုတွေကို အမေရိကန်ဒေါ်လာ ၁၀၀၀ခန့် ပေးကာ လိင်နဲ့ ပတ်သက်ဝန်ဆောင်မှုတွေကို လေ့လာကြည့်ရှုကြတယ်လို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။