သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် မိုင်းတုံရေ ကာတာနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင် ထိခိုက် နစ်နာမှု အကဲဖြတ်ချက်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှု အကဲဖြတ် ချက် (EIA/SIA) များ စစ်ဆေးရေး လုပ်ငန်း များလုပ်ဆောင်နေခြင်းကို ရပ်တန့်ရန် ဒေသခံ ၂သောင်းကျော်က လက်မှတ်ထိုးကာ တာဝန်ယူ လုပ်ဆောင်နေသည့် သြစတြေးလျ နိုင်ငံအခြေစိုက် The Snowy Mountains Engineering Corp ( SMEC ) ကုမ္ပဏီထံသို့ မနေ့က ပေးပို့လိုက်သည်။ SMEC ကုမ္ပဏီက ရရှိလာသည့် စစ်တမ်းတွေ့ရှိချက်များကို လာမည့်နှစ်တွင် အစိုးရထံ အစီရင်ခံစာ တင်သွားရန် စီစဉ်ထားသော်လည်း ဒေသခံများက ထိုကဲ့သို့ EIA/SIA စစ်တမ်းကောက်ခံမှုကို လက်မခံသည့်အတွက် ဆက်လုပ်ရန် ခက်ခဲနေကြောင်း သိရသည်။ “ရေကာတာ ရပ်တဲ့အထိ ဆက်ပြီးတော့ ကန့်ကွက်မှုတွေ လုပ်သွားမယ်။ SMEC စစ်ဆေးတာတွေ ရပ်ဖို့နဲ့ ပြီးတော့ လုပ်ငန်းခွင်မှာ လာချသွားတဲ့ ပစ္စည်းတွေအားလုံး ပြန်သိမ်းပေးဖို့ တောင်းဆိုသွားမယ်။ မနေ့က ကျမတို့ SMEC ကုမ္ပဏီကို စာသွားတင်ပါတယ်။ ဒါက ကျမတို့ ပထမ ခြေလှမ်းပါ။ ဒီစာပို့တဲ့ အခါမှာ ကုမ္ပဏီက နည်းနည်း တုန်လှုပ်သွားတာကို တွေ့ရတယ်” ဟု ရှမ်းပြည် မြစ်ချောင်းများအတွက် လှုပ်ရှားမှုများ လုပ်ဆောင်နေသည့် အဖွဲ့မှ နန်းခမ်းယိင်းနောင့်က ဧရာဝတီကို ပြောဆိုသည်။ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းတုံ နှင့် မိုင်းပန်မြို့နယ်အကြားရှိ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် မိုင်းတုံရေ ကာတာ စီမံကိန်းကို China’s Three Gorges Corporation ( တရုတ်)၊ The Electricity Generating Authority of Thailand (ထိုင်း)၊ Myanmar’s Ministry of Electric Power, International Group of Entrepreneurs ( မြန်မာ) တို့က ပူးပေါင်းတည်ဆောက်မည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။