ပြီးခဲ့သည့် ရေဘေးတွင် အိမ်ထောင်စု ၄၁၉၂၆၆ စုမှ လူဦးရေ ၁၆၂၉၂၅၄ဦး ရေဘေးသင့်ခဲ့ပြီး ၁၂၀ သေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဆန်ရိက္ခာတန်ဖိုးငွေကျပ် ၁၀၅၆၈၃၁၅၀၊ အရေးပေါ်အစားအစာ တန်ဖိုးငွေကျပ် ၁၅၂၄၄၂၃၀၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် ၂၂၁၁၉၀၀၀၀၊ ကယ်ဆယ်ရေး ပစ္စည်းတန်ဖိုးငွေကျပ် ၃၃၃၁၁၇၂၉၀နှင့် သေဆုံးမှုထောက်ပံ့ကြေးငွေကျပ် ၁၀၆၀၀၀၀၀ စုစုပေါင်းတန်ဖိုးငွေကျပ် ၆၈၅၈၃၄၆၇၀ကို ပံ့ပိုးထောက်ပံ့ခဲ့ကြောင်း အစိုးရက ယနေ့ သတင်းထုတ်ပြန်သည်။ြ မန်မာနိုင်ငံတဝန်း ဇွန် ၂၄ ရက်မှ ၂၈ ရက်အထိ တိုင်းဒေသကြီးသုံးခုနှင့် ပြည်နယ်နှစ်ခုတွင် လည်းကောင်း၊ ဇူလိုင် ၁၆ ရက်မှ သြဂုတ်၂၆ ရက်အထိ တိုင်းဒေသကြီးခြောက်ခုနှင့် ပြည်နယ်ခြောက်ခုတို့တွင်လည်းကောင်း သဘာဝဘေး အန္တရာယ်များဖြစ်ပွားခဲ့ရာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့သည် သဘာဝဘေးအန္တ ရာယ်အဆိုးရွားဆုံးခံစားရသည့် ဒေသများဖြစ်သည်ဟု အစိုးရက ထုတ်ပြန်ထား သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။