အင်ဒိုနီးရှားနိုင်ငံမှာ High-speed train အမြန်ရထား လမ်းဖောက်ရေးအတွက် တရုတ်နဲ့ ဂျပန်နှစ်နိုင်ငံဟာ ဈေးကွက်ကိုဝင်ပြီး လုနေကြပြီ ဖြစ်ပါတယ်။
အင်ဒိုနီးရှားမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ထားတဲ့ အထဲမှာ ဂျပန်ဟာ ပထမကနေ တတိယ စာရင်းဝင် တာဖြစ်တာကြောင့် အမြန်ရထားလမ်းဖောက်ရေး စီးမံကိန်းကို သူကပဲရဖို့ သေချာနေခဲ့ တာ ဖြစ်ပါတယ်။
ဒါပေမယ့် သူ့ရဲ့ပြိုင်ဘက် တရုတ်နိုင်ငံကလည်း ဒီဈေးကွက်ကို ဝင်ယူဖို့ ကြိုး စားနေပြီ ဖြစ် ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက အင်ဒိုနီးရှားသမတ ဂျိုကိုဝီဒိုဒိုဟာ ဂျပန်နဲ့ တရုတ်နိုင်ငံတွေ ကို သွားရောက် လည်ပတ်ခဲ့ရာ ကျည်ဆံရထားကို စီးပြခဲ့ပြီး အင်ဒိုနီးရှားမှာလည်း ဒီလို သယ်ယူပို့ဆောင်ရေး စနစ်ကို သူ့အနေဖြင့် မျှော်မှန်းကြောင်း ပြောဆိုခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး ဂျပန်နဲ့ တရုတ် အကြားမှာ ဒီဈေးကွက်ကိုဝင်ပြီး လုခဲ့ကြတာ ဖြစ်ပါ တယ်။
အင်ဒိုနီးရှား သမ္မတက ဂျကာတာနဲ့ ဘန်ဒန်ကြားမှာ ကီလိုမီတာ ၁၆၀ (မိုင် ၁၀၀) ကျော် ရှည်လျားတဲ့ အမြန်မီးရထားလမ်း ဆောက်ဖို့ကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီလိုပြောဆိုခဲ့ချိန်ကစပြီး ဂျပန်နဲ့ တရုတ် ကုမ္ဗဏီတွေ၊ အစိုးရကိုယ်စားလှယ်တွေဟာ ဂျကာတာမြို့ကစပြီး သူတို့ရဲ့ အမြန်ရထားလမ်း စီမံကိန်းကို လာရောက် ပြသရှင်း လင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။
မကြာခင်မှာ အင်ဒိုနီးရှားက ဘယ်နိုင်ငံကို ဒီ အမြန်ရထားလမ်း ဆောက်ခွင့်လိုင်စင် ချပေး မယ် ဆိုတာကို ကြေညာမှာ ဖြစ်ပါတယ်။
တရုတ်ကတော့ ဒီအမြန်လမ်းကို ၂၀၁၉ မှာ အပြီးဆောက်ပေးမယ်လို့ ပြောခဲ့ပြီး ဂျပန်က တော့ ၂၀၂၁ မှာ စီမံကိန်းကို အပြီးသတ်ပေးမယ် တရုတ်နိုင်ငံထက်စာရင် ဈေးနှုန်းချိုသာ စွာနဲ့ ဆောက်ပေးမယ်လို့ တင်ပြပြောဆိုထားပါတယ်။