အီစူးဇူးကားကုမ္ပဏီ (Isuzu Motors )၏ ကိုယ်စားလှယ်အဖြစ် ဂျပန်ကုမ္ပဏီ အီတိုချူး (Itochu) က အီစူးဇူးကားများကို စစ်ဆေးခြင်း၊ ပြင်ဆင်ပေးခြင်းများ ပြုလုပ်ပေးတော့မည်ဖြစ်သည်။ ကားပြင်ဆရာ ၄ ဦး သို့မဟုတ် ၅ ဦးဖြင့် ရန်ကုန်မြို့တွင် ဆားဗစ်စင်တာတခုကို မိုးအကုန်တွင် စတင်ရန် ရှိကြောင်း သိရသည်။ ထို့ပြင် ထိုင်းနှင့် ဂျပန်ထုတ် အီစူးဇူး ထရပ်ကားများကို မြန်မာပြည်သို့ တင်သွင်းရောင်းချရန်လည်း ရှိနေသည်။ အီစူးဇူးကုမ္ပဏီသည် မြန်မာပြည်အတွင်း ကားထုတ်လုပ်မှု ရှိသော်လည်း ကားအသေးစားများသာဖြစ်ပြီး မြန်မာပြည်၏ ကားဈေးကွက်သည် ဂျပန်မှ တင်သွင်းသော တပတ်ရစ်ကားများအပေါ်သာ အားထားနေကြရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။