• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

ရွှေ့ပြောင်း အခြေချသူများနဲ့ ဥရောပရဲ့ အကျပ်အတည်း

by လင်းသန့်
29 August 2015
in Human Rights
A A
လူ့အခွင့်အရေး, ဥရောပ, ရွှေ့ပြောင်းအခြေချသူများ

မြောက်အာဖရိကမှ ရွှေ့ပြောင်းဝင်ရောက်သူများ မြေထဲပင်လယ်ကို ဖြတ်သန်းလာစဉ် (ဓာတ်ပုံ - euractiv)

5.2k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့တဲ့ ရက်ပိုင်းက ဂရိနဲ့ မက်ဆီဒိုးနီးယား နယ်စပ်မှာ ရာနဲ့ချီတဲ့ လူတွေရဲ့ကြေကွဲဖွယ် မြင်ကွင်းတွေက ဥရောပနိုင်ငံတွေ အတွက် ရွှေ့ပြောင်းအခြေချသူများနဲ့ ဒုက္ခသည် အကျပ်အတည်း မြင့်မားမှုကို မီးမောင်းထိုးပြနေပါတယ်။ ဥရောပ အဖွွဲ့ဝင် နိုင်ငံတွေဟာ လူ့အခွင့်အရေး စံချိန်စံနှုန်းတွေကို အလေးထားတယ်ဆိုတဲ့ နာမည်ကောင်းခြင်းအပေါ် ဂုဏ်ယူလေ့ရှိကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မက်ဆီဒိုးနီးယား နယ်စပ်ဂိတ်တခုနားမှာ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးတခုဟာ သံဆူးကြိုးတွေ တားထားတဲ့ကြားက ဖြတ်သန်းဝင်ရောက်ဖို့ ကြိုးစားခဲ့ရင်း တားမြစ်ခံရလို့ ငိုယိုနေတဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ အတူ အမျိုးသားတွေရဲ့ မြင်ကွင်းတွေဟာ ဥရောပတခွင် ရုပ်သံသတင်းတွေမှာ အတော်ပဲ နေရာယူထားပါတယ်။

RelatedPosts

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

20 May 2025
258
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
923
တရုတ် စွက်ဖက်မှုနှင့် လားရှိုး အလှည့်အပြောင်း – အပိုင်း ၂ (ရုပ်/သံ)

တရုတ် စွက်ဖက်မှုနှင့် လားရှိုး အလှည့်အပြောင်း – အပိုင်း ၂ (ရုပ်/သံ)

20 May 2025
14

တကယ်တော့ သူတို့တွေဟာ ဆီးရီးယားနိုင်ငံက အခြေအနေ ဆိုးရွားလှတဲ့ ပြည်တွင်းစစ်ဘေးစစ်ဒဏ် အန္တရာယ်တွေကို ရှောင်ပြေးရင်း ဘဝသစ်တခု အခြေပြု စတင်ဖို့ ဥရောပကို ဝင်ရောက်ခွင့်ရရေး ကြိုးစားနေသူတွေထဲက အုပ်စုတခု ဖြစ်ပါတယ်။ အဲဒီ လူအုပ်စုကြီးဟာ တနေကုန် မိုးထဲရေထဲမှာ နေထိုင်ခဲ့ရပြီး သူတို့ရဲ့ ဘဝတွေကို စွန့်စားရင်း ဂရိ နိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

“ဒီ ၃ နှစ်အရွယ် ကျနော့်သမီးလေးက ဆီးရီးယားမှာတော့ တကယ့်ကို မင်းသမီးလေး တယောက်လိုပါပဲ။ ဒါပေမယ့်ဗျာ အခုတော့ ခင်ဗျားတို့ မြင်တဲ့အတိုင်း တကယ့် ကြွက်စုတ်တကောင်နဲ့ မခြား တိရစ္ဆာန်လို ဆက်ဆံခံနေရပါပြီဗျာ” လို့ အသက် ၃၀ ကျော်အရွယ် ဆီးရီးယား ဒုက္ခသည် အမျိုးသားတဦးက CNN သတင်းဌာနကို ပြောပြနေတယ်။

တကယ်တော့ သူတို့ဘဝတွေဟာ သေနတ်တို့၊ ဗုံးတို့နဲ့ သေရမယ့်အတူတူ သေမထူး နေမထူး ဘဝတွေကို အရင်းပြုပြီး သူတို့ရဲ့ မိခင်နိုင်ငံတွေက ထွက်ပြေးလာရင်း အခုလို ဥရောပနိုင်ငံတွေထဲမှာ ခိုလှုံခွင့်ရဖို့ ကြိုးစားကြသူတွေက အများစု ဖြစ်ပါတယ်။

ဒီ့အပြင် ကိုယ်ဝန်ဆောင် ဆီးရီးယားမိခင်တဦးရဲ့ ငိုယိုပြီး မက်ဆီဒိုနီးယား နယ်စပ်ရဲတွေကို တောင်းပန်နေတဲ့ မြင်ကွင်းတွေကလည်း ကမ္ဘာတလွှား ရုပ်သံ မြင်ကွင်းတွေမှာပါ ရင်ကို ကိုင်လှုပ်စေခဲ့ကြပါတယ်။ တချို့ကိုလည်း မက်ဆီဒိုနီးယား နယ်စပ်ရဲတွေက မြင်ရတာ စိတ်မချမ်းမြေ့လို့ ဖြတ်သန်းခွင့် ပြုလိုက်ပါတယ်။

အစာရေစာငတ်၊ ရေတောင်သောက်ဖို့ အခက်တွေ့နေကြတဲ့ ဆီးရီးယား အပါအဝင် နိုင်ငံတချို့က ဒုက္ခသည် ၅ သောင်းဝန်းကျင်ဟာ ဥရောပသမဂ္ဂ အဖွဲ့ဝင် မဟုတ်တဲ့ မက်ဆီဒိုနီးယားက လူသူမနေတဲ့ ဇုန်တခုကို စုရုံး ရောက်ရှိလာကြပြီး ဥရောပ သမဂ္ဂအဖွဲ့ဝင် ဂရိနိုင်ငံကတဆင့် ဥရောပနယ်မြေထဲ ဝင်ရောက်ဖို့ ကြိုးစားနေကြတာပါ။

မက်ဆီဒိုနီးယား နိုင်ငံကတဆင့် ဖြတ်သန်းပြီး ဥရောပကို ဝင်ရောက်ဖို့ ကြိုးစားကြတဲ့ ရွှေ့ပြောင်း အခြေချလိုသူတွေ အတွက် လမ်းခရီးတလျှောက် လက်နက်ကိုင် ဂိုဏ်းအဖွဲ့တွေ၊ မာဖီးယားဂိုဏ်းတွေရဲ့ အန္တရာယ်က အလွန်ကြီးပါတယ်။

အခုလို ရင်နင့်ဖွယ် မြင်ကွင်းတွေနဲ့ အတူ ဥရောပသမဂ္ဂ အဖွဲ့နဲ့ ဥရောပနိုင်ငံတွေအတွက် ဒုက္ခသည်အရေး၊ ရွှေ့ပြောင်း အခြေချနေထိုင်သူများ အကျပ်အတည်းဟာ ပိုပြီး ထင်ရှားလာခဲ့ပါတယ်။ မက်ဆီဒိုနီးယား နိုင်ငံကတော့ အဲဒီ မြင်ကွင်းတွေ ထွက်ပေါ်အပြီး အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။

တချိန်တည်းမှာပဲ ဥရောပနိုင်ငံတွေ အနေနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး စတာတွေနဲ့ ဂုဏ်ယူလေ့ရှိကြပေမယ့် အခု နောက်ပိုင်း ပြင်သစ်၊ ဗြိတိန်၊ စပိန် စတဲ့ ဥရောပနိုင်ငံတွေမှာ မကြာသေးမီက အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေ နဲ့အတူ အထူးသဖြင့် အစ္စလမ်နိုင်ငံတွေက ဝင်ရောက်လာကြတဲ့သူတွေအပေါ် မလိုလားတဲ့ လှုပ်ရှားမှုတွေလည်း နိုင်ငံအတော် များများမှာ ဖြစ်နေကြချိန် ဥရောပ ခေါင်းဆောင်တွေအနေနဲ့ ခေါင်းခဲရတဲ့ အဖြစ်ပါ။

ဥရောပနိုင်ငံတွေဆီကို ဆီးရီးယား၊ အီရစ်ထရီးယား၊ အာဖဂန်နစ္စတန်၊ ဆိုမာလီယာ၊ ဒါဖာ၊ အီရတ်၊ နိုက်ဂျီးရီးယား စတဲ့ နိုင်ငံတွေဆီကနေ စီးပွားရေးအရ ပြောင်းရွှေ့ အခြေချဖို့ ဝင်ရောက်လာခဲ့ကြသူတွေဟာ ၂၀၁၄ ခုနှစ်ကဆိုရင် ၆၂ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး အဲဒီထဲက ၇၀ ရာခိုင်နှုန်းဟာ ခိုလှုံခွင့် လျှောက်ထားခဲ့ကြတယ်လို့ ကုလသမဂ္ဂရဲ့ စာရင်းဇယားတွေက ပြဆိုထားပါတယ်။

ခိုလှုံခွင့် လျှောက်ထားသူတွေ အနေနဲ့ စည်းကမ်းတင်းကျပ်မှု သိပ်မရှိတဲ့ ဥရောပနိုင်ငံတခုခုကို ရွေးချယ်ပြီး အဲဒီနိုင်ငံက ပေးတဲ့ ခိုလှုံခွင့် ရသွားပြီဆိုရင် ဥရောပ အဖွဲ့ဝင် ၂၈ နိုင်ငံကို တံခါးမရှိ ဓားမရှိ သွားလာ ဝင်ထွက်ခွင့် ရှိတာမို့ ဥရောပနိုင်ငံတွေဆီ အခုလို ကုန်းတတန်၊ ရေတတန်နဲ့ အလုံးအရင်း ဝင်ရောက်လာနေကြတာလည်း ဖြစ်ပါတယ်။

မြေထဲပင်လယ်ကတဆင့် လှေစီးဒုက္ခသည်တွေကို အရေးပေါ် ကယ်ဆယ်ရေး ကိစ္စတွေနဲ့ မရပ်စဲသေးတဲ့ လှေစီးဒုက္ခသည် အရေးတွေအတွက် ဥရောပ ခေါင်းဆောင်တွေ အခုထိ ခေါင်းခဲနေဆဲပါပဲ။

ပြင်သစ်မှာ အခြေအနေ သိပ်မကောင်းလို့ နယ်စပ်ကနေတဆင့် အင်္ဂလန်ကို ကုန်တင်ကားကြီးတွေ တရားမဝင်ခိုးစီးပြီး ဝင်ရောက်ဖို့ ကြိုးစားနေသူတွေကလည်း နေ့စဉ်နဲ့အမျှပါပဲ။

ဒီအပြင် ဥရောပနိုင်ငံ အချင်းချင်းကြား နယ်စပ်ဖြတ်ကျော်မှုတွေကိုလည်း အရင်ကထက် ပိုမိုစိစစ်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာ နေပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အဆိုအရ မနှစ်ကဆိုရင် သက်ဆိုင်ရာ နိုင်ငံတခုကို ဖြတ်ပြီး ပြောင်းရွှေ့ အခြေလိုသူတွေ၊ ဒုက္ခသည်အဖြစ် လျှောက်ထားလိုသူပေါင်း ၂ သိန်းခွဲအထိ ရှိတယ်လို့ ဆိုပါတယ်။ တချို့ဆိုရင် မြေထဲပင်လယ်ကို ဖြတ်ပြီး အသက်တွေရင်းလို့ ဥရောပကို ဝင်ရောက်ရေး ကြိုးစားရင်း အသက်ဆုံးရှုံး ရသူတွေလည်း မနည်းပါဘူး။

မကြာသေးခင်ကပဲ ဟန်ဂေရီနဲ့ သြစတြီးယား နယ်စပ်မှာ စွန့်ပစ်ထားတဲ့ ကွန်တိန်နာအတွင်း ခိုးဝင်ဖို့ ကြိုးစားသူတွေရဲ့ ဒါဇင်နဲ့ချီတဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရပါသေးတယ်။

ဥရောပနိုင်ငံတွေရဲ့ လူမှု ထောက်ပံ့မှု၊ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်တဲ့ အခြေခံ လူမှု အဆောက်အအုံတွေကလည်း တတိယ နိုင်ငံတွေက ရွှေ့ပြောင်း အခြေချလိုသူတွေရဲ့ မျှော်လင့်အားကိုးရာ ဖြစ်နေတာပါ။

လူဦးရေ ၅ သန်းနီးပါး ရှိပြီး ပြည်တွင်းစစ် လောင်မီးကျနေတဲ့ ဆီးယားနိုင်ငံမှာ ဒုက္ခသည် အရေအတွက်က ၁ သန်းခွဲလောက် ရှိနေပါတယ်။

အလားတူ တတိယနိုင်ငံတွေက စီးပွားရေး အကျပ်အတည်း၊ စစ်ရေးနဲ့ နိုင်ငံရေး အခက်အခဲတွေကနေ ထွက်ပြေးရင်း ဥရောပ နိုင်ငံတွေမှာ ပြောင်းရွှေ့ အခြေချလာမှုနဲ့ ဒုက္ခသည်လျှောက်ထားမှု ဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ ခေါင်းဆောင်တွေက သက်ဆိုင်ရာ ဥရောပအဖွဲ့ဝင် နိုင်ငံတွေကို အချိုးကျ လက်ခံဖို့ တိုက်တွန်းမှုတွေလည်း လုပ်ဆောင်လာနေပါတယ်။

အဲဒီလို ဒုက္ခသည်အချိုးကျ လက်ခံရေးကိစ္စကို ဥရောပနိုင်ငံတွေထဲက ဗြိတိန် အပါအဝင် နိုင်ငံ တော်တော်များများက လက်မခံလိုကြဘဲ အခြေအနေဟာ ညှိနှိုင်းနေရဆဲပါ။ ဗြိတိန်အစိုးရကတော့ ဥရောပသမဂ္ဂ အနေနဲ့ အတင်းအကျပ်အားဖြင့် ဒုက္ခသည်တွေကို အချိုးကျ လက်ခံခိုင်းမယ်ဆိုရင် အဖွ့ဲဝင်နိုင်ငံ အဖြစ်ကနေ နုတ်ထွက်မယ်ဆိုတဲ့အထိ ပြောဆို ထားပါတတယ်။

တဖက်မှာလည်း ဂရိအပါအဝင် စပိန်၊ အီတလီစတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးက ကျဆင်းလာချိန်မှာ ဒုက္ခသည်တွေကို လက်မခံလိုကြပါဘူး။ ဂရိရဲ့ စီးပွားရေး ပျက်ကပ်ကလည်း ဥရောပ နိုင်ငံတွေဆီကို အတော်ပဲ ရိုက်ခတ်ခဲ့တာပါ။

ဒီလို ဥရောပနိုင်ငံတချို့ရဲ့ စီးပွားရေး ကျဆင်းမှု အခြေအနေတွေနဲ့ အတူ ရွှေ့ပြောင်း အခြေချလိုသူတွေနဲ့ ဒုက္ခသည် အရေးတွေဟာ လူ့အခွင့်အရေးကို တန်ဖိုးထား လေးစားပြီး စံချိန်စံညွှန်းတွေနဲ့အမီ ကျင့်ကြံလိုတဲ့ ဥရောပ သမဂ္ဂအနေနဲ့ ကြီးမားတဲ့ အကြပ်အတည်း တခု ဖြစ်လာနေပြီး လွယ်လွယ်နဲ့ ဖြေရှင်းလို့ ရနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်ရပါတယ်။

လင်းသန့်သည် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်သည်။ ဧရာဝတီတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခုအခါ ချက်သမ္မတနိုင်ငံတွင် အခြေချနေထိုင်သည်။

Your Thoughts …
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
စတုတ္ထတော်လှန်ရေး, Progressive Rock, သံမဏိလိပ်ပြာ, မောင်မောင်ဇော်လတ်, လင်းလင်း

လင်းလင်းရဲ့ စတုတ္ထတော်လှန်ရေး အယ်လ်ဘမ်

Ibuprofen, Non- sedative, Non-drowsy, လည်ပင်းနာ, အာသီးရောင်ခြင်း

လည်ပင်းနာ အမြန်သက်သာစေဖို့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate