ဘန်ကောက် ဧရာဝဏ် နတ်ကွန်းအနီး ဗုံးကွဲမှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသည့်သူတဦး ကို ထိုင်းရဲတပ်ဖွဲ့က ယနေ့ ဖမ်းဆီးလိုက်သည်ဟု ထိုင်းသတင်းများတွင်ဖော်ပြသည်။
ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့ မြောက်ဘက်ရှိ လူနေတိုက်ခန်းတခုကို ဝင်ရောက်စီးနင်းရှာဖွေရာ ဗုံးလုပ်ရာတွင် သုံးသည့် ဟု ယူဆရသည့် ပစ္စည်းများကို တွေ့ရသည်ဟု ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရ Prawut Thavornsiri ကပြောသည်။
ထိုင်းရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲကလည်း အဆိုပါ လူနေတိုက်ခန်းတွင် ဗုံးလုပ်သည့် ပစ္စည်းများ ရှာဖွေတွေ့ရှိကြောင်း ရုပ်မြင်သံကြားမှာ ပြောဆိုသွားပြီး “ဒီလူဟာ ဗုံးခွဲတိုက်ခိုက်မှုမှာ ပါဝင်တဲ့လူလို့ ယုံကြည်တယ်လို့” လည်း ဆိုသည်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့ ည ၇နာရီခန့်က ကမ္ဘာလှည့်ခရီးသွားများ စည်ကားရာ ဘန်ကောက်မြို့ ဧရာဝဏ် နတ်ကွန်းအနီး ဗုံးပေါက်ကွဲမှုတွင် လူ ၂၀ သေဆုံးကာ ၁၂၅ဦး ဒဏ်ရာရခဲ့သည်။ ထိုအဖြစ်အပျက် ကြောင့် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ထိခိုက်ခဲ့သည်။