• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

စစ်တပ်၏ ဖမ်းဆီးမှုတွင် ပျောက်ဆုံးနေသော ဦးတူးဂျာအမှု သမ္မတထံ စာပို့တိုင်ကြား

by Peter Aung
3 September 2015
in Human Rights
A A
ဦးတူးဂျာ, မြစ်ကြီးနား , လူ့အခွင့်အရေး

သေဆုံးသွားသည့် ဦးတူးဂျာ

6.1k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် ကာမိုင်းမြို့ ဇီးကုန်းရပ်ကွက်တွင် နေထိုင်သည့် ဦးတူးဂျာသည် နယ်မြေခံစစ်တပ်၏ ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးလျက်ရှိရာ ယင်းအမှုနှင့်ပတ်သက်၍ အမှုမှန် ဖော်ထုတ်ပေးပါရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ ဦးတူးဂျာ၏ မိသားစုဝင်များက ယနေ့တွင် စာပေးပို့ထားကြောင်း သိရသည်။

ဇွန် ၁၉ ရက် ညနေပိုင်း ကာမိုင်းမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ၂၅၀ မှ ဗိုလ်မှူး ရဲကျော်သူတို့ အဖွဲ့က ဦးတူးဂျာနှင့် အတူ ဒေသခံ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒေသခံ ၃ ဦးကို ဇွန်၂၀ ရက်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဦးတူးဂျာကို ပြန်မလွှတ်ခဲ့ကြောင်း၊ ဦးတူးဂျာနှင့် အတူ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသူများမှာ ဦးသန်းလွင်၊ ဦးဖိုးသေးနှင့် ဦးဇော်ထွန်း (ခ) မောင်ကြိုင်တို့ ဖြစ်ပြီး ဦးတူးဂျာသည် ခြေလျင်တပ်ရင်း ၂၅၀ က ဖမ်းဆီး စစ်ဆေးစဉ် သေဆုံးသွားပြီဟု ပြန်လည် လွတ်မြောက်လာသူ ဦးသန်းလွင်က သြဂုတ်လတွင် အတည်ပြု ပြောဆိုကြောင်း၊ စစ်တပ်ကမူ ဦးတူးဂျာ သေဆုံးမှု၊ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ တစုံတရာ ပြောဆိုခြင်းမရှိဘဲ ပြန်လည် လွှတ်ပေးလိုက်ပြီဟုသာ ပြောဆိုကြောင်း ဦးတူးဂျာ အမှုကို ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်နေသူ ဦးမာခါးက ဆိုသည်။

RelatedPosts

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

20 June 2025
46
မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

20 June 2025
1.1k
မြန်မာ့အရေး အာဆီယံက ဘာတွေတိုက်တွန်းနေလဲ (ရုပ်/သံ)

မြန်မာ့အရေး အာဆီယံက ဘာတွေတိုက်တွန်းနေလဲ (ရုပ်/သံ)

20 June 2025
29

“ကျနော်တို့က ဒီနေ့ နိုင်ငံတော် သမ္မတကြီးနဲ့ ကာချုပ် အပါအဝင် ၈ နေရာကို လိပ်မူ စာပို့ထားပါတယ်။ တူးဂျာ အမှုနဲ့ ပတ်သက်ပြီး အမှန်တရား ဖော်ထုတ်ဖို့ အမှုမှန် ဖော်ထုတ်ဖို့ သူတို့ ဖျောက်ဖျတ်ထားတဲ့ အလောင်းကို ပြန်ပေးဖို့ ကျနော်တို့ စာတင်ထားပါတယ်” ဟု ဦးမာခါးက ပြောသည်။

ဦးတူးဂျာတို့ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားစဉ်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပတ်သက်သည်ဟု သံသ ယ ရှိနေသည်ဟု ယူဆပြီး စစ်တပ်က လာရောက် ဖမ်းဆီးခေါ်ဆောင်မှုသည် သင့်တော်ခြင်း မရှိကြောင်း ဦးမာခါးက ဆက်ပြောသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကမူ ဖမ်းဆီးမှုအတွင်း ဦးတူးဂျာ ပျောက်ဆုံးမှု နှင့်ပတ်သက်၍ ငြင်းဆိုထားပြီး ဦးတူးဂျာ အပါအဝင် ဒေသခံ ၄ ဦးကို ဇွန် ၁၉ ရက်တွင် ဖမ်းဆီးခေါ်ဆောင် စစ်ဆေးခဲ့ပြီး ဇွန်၂၀ ရက်တွင် သက်သေများဖြင့် ပြန်လည် လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရထံ အကြောင်း ကြားခဲ့ကြောင်း သိရှိရသည်။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ဝင် ဦးစန်းအောင်က “ ဦးတူးဂျာ အမှုနဲ့ ပတ်သတ်ပြီး ကျနော်တို့ ကြားပဲကြား ရသေး တယ်။ သေချာ မသိသေးဘူး” ဟု ဧရာဝတီကို ပြောသည်။

ဦးတူးဂျာ ပျောက်ဆုံးနေသည့် အမှုကို မိသားစုဝင်များက ကာမိုင်းမြို့ ရဲစခန်း၌ ပုဒ်မ ပ ၁/၂၀၁၅ ဖြင့် အမှုဖွင့်ထားကြောင်း၊ အကယ်၍ ဦးတူးဂျာ သေဆုံးသွားပြီဆိုပါကလည်း ရုပ်အလောင်းကို ပြန်လိုချင်ကြောင်း တိုင်ကြားခဲ့ရာ ကာမိုင်းမြို့ ရဲစခန်း က လိုက်လံ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဦးတူးဂျာ၏ ဆွေမျိုးဖြစ်သူ ဒေါ်မွေဖုထုက ဦးတူးဂျာ၏ ရုပ်အလောင်းကို ဘာသာရေးအရ ဝတ်ပြုဆုတောင်းပြီး မြေမြှပ် နှံနိုင်ရန်အတွက် ပြန်ပေးစေလိုကြောင်း၊ ဖြစ်ရပ်မှန်ကို ဖုံးကွယ်ပြီး ပြန်လွှတ်လိုက်သည်ဟု စစ်တပ်က ပြောဆိုနေခြင်းသည့် လူ့အခွင့်အရေး ဆုံးရှုံးရသည်ဟု ခံစားနေရကြောင်း ပြောသည်။

ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ခံရသည့် နိုင်ငံတကာ ရာဇာဝတ်မှု အဆင့်သို့ ရောက်နေကြောင်း၊ အဓိကမှာ စစ်ရာဇာဝတ်မှု ကျုးလွန်မှုများနေပြီး ထိုကဲ့သို့ ဆက်လက် ဖြစ်ပွားနေပါက အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များကို တားဆီးမှု ရှိနိုင်သည်ဟု ရှေ့နေ ဦးမာခါးက ပြောသည်။

Your Thoughts …
Peter Aung

Peter Aung

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
Dateline Irrawaddy (ရုပ်/သံ)

Dateline Irrawaddy (ရုပ်/သံ)

ပရဟိတ,ဒေါ်သန်းမြင့်အောင်, ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ, ဘိုးဘွားများ

စာရေးဆရာ ပရဟိတသမား (သို့) အများအကျိုးဆောင် ဒေါ်သန်းမြင့်အောင်

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

1 day ago
5.5k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate