တရုတ်ပြည်က ၂၀၂၀ ခုနှစ်အမီ တပ်ဖြန့်ချထားရန် ပြည်တွင်း၌ လေယာဉ်တင်သင်္ဘော ၂စီး တည်ဆောက်နေကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကား၍ Reuters သတင်းကဆို သည်။ တန်ချိန်မည်မျှရှိသည်ကို ထည့်သွင်းပြောဆိုခြင်းမရှိသော်လည်း လက်ရှိတွင် တရုတ်ရေတပ်၌ ယူကရိန်းနိုင်ငံမှ ဝယ်ယူထားသည့် ဆိုဗီယက်လုပ် တန်ချိန် ၆သောင်းရှိ လေယာဉ်တင်သင်္ဘော တစီးသာရှိပြီး ရေပိုင်နက် အငြင်းပွားနေသည့် တောင်တရုတ် ပင်လယ်တွင် အချိန်ပိုင်း တာဝန်ထမ်းဆောင်လျှက်ရှိသည်။
တရုတ်ရေတပ်အနေဖြင့် လေယာဉ်တင်သင်္ဘော အသစ်တည် ဆောက်ခြင်းဖြင့် တိုက်ခိုက်မှု စွမ်းအား တိုးမြှင်ရေးအတွက် ရည်ရွယ်ကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ တရုတ်ရေတပ်သည် ရုရှားနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သလို အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း၌လည်း စစ်အခြေခံစခန်းအဖြစ် အသုံးပြရန် လူလုပ်ကျွန်း တကျွန်းကို တည်ဆောက်လျှက်ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း အမေရိကန်နိုင်ငံ အလာစကာ ကမ်းလွန် နိုင်ငံတကာရေပြင်ပိုင်နက်မှာ တရုတ်ရေတပ်သင်္ဘော ၅စင်းကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ရသည့်အတွက် တရုတ်အနေနဲ့ စစ်အင်အား ပြသမှုတရပ်အဖြစ် လေ့လာသူများက သုံးသပ်ကြသည်။