ဂင်းနစ် စံချိန်ဝင် ကမ္ဘာအရပ်အပုဆုံး လူသား နီပေါလူမျိုး ချန်ဒရာ ဗဟာဒူး ဒန်ဂီ(၇၅နှစ်)ဟာ မနေ့က အမေရိကန် ဆာမိုအာကျွန်းက လင်ဒွန် ဘီ ဂျွန်ဆင် အပူပိုင်းဒေသ ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
အရပ် ၅၄.၆ စင်တီမီတာ(၂၁.၅ လက်မ)သာရှိတဲ့သူဟာ မြို့တော် ခေတ္တမန္ဒူနဲ့ ကီလိုမီတာ ၄၀၀ခန့် ဝေးတဲ့ ကျေးရွာမှာ နေပေမယ့် ကမ္ဘာ့အရပ်အပုဆုံးလူသားလို့ ကြေညာခံရပြီးနောက်မှာတော့ အခုလို ခရီးတွေလည့်လှည်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလမှာတော့ အိန္ဒိယနိုင်ငံက ဂူးလ်မိုဟာမက်ဆိုသူ တင်ထားတဲ့ ၅၇ စင်တီမီတာ(၂၂.၅လက်မ) ကို ဖြတ်ကျော်က ကမ္ဘာအပုဆုံးဘွဲ့ကို ဒန်ဂီက ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီအရင်ကတော့ ဖိလစ်ပိုင်နိုင်ငံက ဂျာနီဘလဲဝင်း ဆိုသူ ၅၉.၉၃ စင်တီမီတာ(၂၃.၅လက်မ)နဲ့ ကမ္ဘာစံချိန်တင်ထားတာပါ။
ကွယ်လွန်သူ ဒန်ဂီဟာ ကမ္ဘာ့အရပ်အပုဆုံးဘွဲ့ကို ရယူစဉ်က ကမ္ဘာ့စံချိန်ချိုးပြီး ဒီလို ဘွဲ့မျိုး ရလို့ ဝမ်းသာတယ်ဆိုတဲ့ အကြောင်း ပြောခဲ့ပါတယ်။