ရခိုင်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တင်ပြသူ ၃၇၈ ဦးရှိသည့်အနက် ၂၂ ဦးကို လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်များနှင့်မညီ၍ ပယ်ချလိုက်ပြီး ၃၅၈ ဦး လတ်တလော အတည်ပြုထားကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြက ပြောကြားသည်။
“ခရိုင်အလိုက် စီစစ်မှုတွေအရ သတ်မှတ်အရည်ချင်းနဲ့ ပြည့် စုံသူတွေကို ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုလက်ခံလိုက်တယ်ပေါ့ ။ ပယ်တာကတော့ အကြောင်းကတော့ အမျိုးမျိုးရှိပါတယ် ။ကိုယ်စားလှယ်လောင်း
မွှေးဖွားတဲ့ အချိန် မိဘနှစ်ပါးစလုံး ဟာ နိုင်ငံသားမဖြစ်သေးတဲ့ အချက်တွေ ၊ကိုယ်စားလှယ် လောင်း အသက်မပြည့်တာ။ အဲဒါကြောင်းပါ ” ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြက ပြောသည်။
ပယ်ချခံရသည့် လွတ်တော်ကိုယ်စားလှယ်လောင်းအများစုမှာဒီမိုအရေစီနှင့် လူ့အခွင့်အရေးပါတီဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွက် ခရိုင်များမှ ပယ်ချလိုက်သည့် လွှတ်တော်ကိုယ်စားလောင်းအနက် ၂၂ ဦးသည် ပြည်နယ် ရွှေး ကောက်ပွဲ ကော်မရှင်ထံ အယူခံထားပြိး ၎င်းအမှုကို စတင်ဘာလဒုတိယ အပတ်တွင် ပြည်နယ် ကော်မရှင် စီစစ်ရေး အဖွဲ့ဝင်များမှ လက်ခံစီစစ်သွားမည် ဖြစ်ကြောင်း သိရသည်။
“အခုကော်မရှင်က အတည်ပြုထားတာက ၃၅၁ ဦးဆိုပေမဲ့ အယခံ ၂၂ ဦးရှိတယ်လေ ။ ဒီထက် ထပ်တိုးချင်လည်း တိုးဦးမယ်ပေါ့ ” ဟု ဦးအောင်မြက ဧရာဝတီသို့ ပြောသည်။
လွှတ်တော်ကိုယ်စားလောင်းများ ပယ်ချခံရသည့် အကြောင်းရင်းမှာ မွေးဖွားစဉ် မိဘနှစ်ပါးစလုံးမှာ နိုင်ငံသား မဖြစ်သေး သည့် အချက် များကြောင့် ပယ်ချခံရဖြင်း ဖြစ်ကြောင်း၊ အပယ်ခံသည့် လွတ်တော်ကိုယ်စားလောင်းများတွင် မောင်တော ခရိုင်မှ ၁၉ ဦးနှင့် စစ်တွေ ခရိုင်မှ ၅ တို့ပါဝင်ကြောင်း၊ ပယ်ချခံလိုက်ရ သည့် လွှတ်တော်ကိုယ်စားလောင်း များသည် ဒီမိုကရေစီနှင့် လူ့အခွင့်ရေးပါတီမှ ၂ ဦး ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီမှ ၁ ဦး ၊ ရခိုင် တိုင်းရင်းသား တသီပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂ ဦး ပါဝင်ကြောင်း သိရသည်။
စက်တင်ဘာလ ၁ ရက်နေ့တွင် ှ မောင်တောခရိုင်မှ အယူခံတက်လာသော တသီးပုဂ္ဂလ လွှတ် တော်ကိုယ်စားလှယ် လောင်းများ ဖြစ်ကြသည့် ဦးရွှေမောင်နှင့် ဒေါ်ခင်ခင်နွှယ်တို့ကို ကိုယ်စားလောင်းအရည် အချင်း မပြည့်စုံ သဖြင့် ထပ်မံ ပယ်ချ လိုက်သည်။