အစ္စရေးနိုင်ငံတွင် ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မနေ့က အစ္စရေးတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Lieutenant General Gadi Eitenkot နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံ ဒေသတွင်း အခြေအနေ၊ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် စေလွှတ်ရေးနှင့် တပ်မတော်နှစ်ရပ် သင်တန်းသားများ အပြန်အလှန်စေလွှတ်ရေးကိစ္စရပ်များ ဆွေးနွေးကြောင်း အစိုးရသတင်းတွင်ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လေယာဉ်နှင့် လေကြောင်းရန် ကာကွယ်ရေး ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သည့် Israel Aerospace Industries (IAI)နှင့် ELTA Systems Ltd သွားရောက်ကြည့်ရှု့ခဲ့သည့်အပြင်၊ ဝယ်ယူထားသည့် FAC Super Dvora MK3အမျုးိအစား
ကမ်းရိုးတန်း ကင်းလှည့်ရေယာဉ်များကို သွားရောက်ကြည့်ရှုခဲ့သည်။
ဆက်စပ်ဖတ်ရှု့ရန်
https://burma.irrawaddy.com/