ဂျပန်နိုင်ငံ အရှေ့မြောက်ဒေသတွင် မကြုံစဖူးရွာသွန်းသည့် မိုးကြောင့် နေရာအနှံရေကြီးရေလျှံမှု၊ မြေပြိုမှုများ ကြောင့် လူပေါင်း ၉သောင်းကျော်ကို အိုးအိမ်စွန့်ခွာ ထွက်ပြေးရပြီး၊ ၂ရက်ဆက်တိုက် ရွာသွန်းသည့် မိုးကြောင့် ကင်နူဂါဝါမြစ်ရေကာတာ ကျိုးပေါက်သွားသည့်အတွက် တိုကျိုမြို့ မြောက်ဘက် ဂျိုဆိုမြို့ရှိ ဒေသခံများကို ရဟတ်ယာဉ်များသုံးကာ အိမ်ခေါင်မိုးများပေါ်မှ ကယ်ထုတ်ခဲ့ရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
Aichiနယ်တွင် လေတိုက်ခတ်မှုနှုန်းများ တနာရီလျှင် ၇၈မိုင်နှုန်းရှိပြီး၊ ဒေသတွင်းသတင်းများအရ လူတဦးပျောက်ဆုံးနေပြီး ၁၂ဦး ဒဏ်ရာရသွားကြောင်းလည်း သိရသည်။
ဂျပန်မိုးလေဝသဌာန အကြီးအကဲကတော့ “ဒီလိုမိုးကြီးတာမျိုးကို မကြုံဖူးဘူး၊ ဒါ ရာသီဥတု ဖောက်ပြန်တဲ့ အခြေအနေလို့”ဆိုသွားသည်။
ရာသီဥတုဆိုးရွားမှုကို ပြင်းထန်စွာခံခဲ့ရသည့် အီဘာရာကီနှင့် တိုချီဂျိနယ်များတွင် အမြင့်ဆုံး သတိပေးမှုများ ပြုလုပ်ထားသည်။
မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက နိုင်ငံတဝှမ်း လူ ၁၅ဦး ဒဏ်ရရသွားပြီး အမျိုးသမီးတဦးမှာ စိုးရိမ်ရကြောင်း၊ တိုချီဂျိနယ်တွင် မြေပြိုမှုကြောင့် လူတဦးပျောက်ဆုံးနေသည်ဟု ဆိုသည်။
မိုးကြောင့် တချို့သောဒေသများတွင် လျှပ်စစ်မီးပြတ်တောက်ကာ၊ လေကြောင်းနှင့် မီးရထားခရီးစဉ်တချို့ ဖျက်သိမ်းခြင်း၊ နောက်ဆုတ်ရခြင်းများဖြစ်ခဲပြီး၊ ကားလမ်းတချို့ ပိတ်ခဲ့ရသည်ဟု သိရသည်။