သောင်ရင်းမြစ်ကိုဖြတ်ကာ ဒုတိယမြောက် ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတားတည် ဆောက်ရန် ထိုင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး Akhom Termpitayapaisithe နှင့် မြန်မာ ဆောက်လုပ်ရေး ဝန်ကြီး ဦးကျော် လင်းတို့ မနေ့က နေပြည်တော်တွင် တရားဝင်လက်မှတ်ရေးထိုးကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။
မဲဆောက်- မြဝတီကို ဆက်သွယ်မည့် အဆိုပါတံတားသစ်ကို စုစုပေါင်း ဘတ် ၃. ၉ ဘီလျံကုန်ကျခံကာ ထိုင်းအဝေးပြေး လမ်း- တံတား တည်ဆောက် ရေး အဖွဲ့က တာဝန်ယူတည်ဆောက်မည်ဖြစ်သည်။
ဤတံတားသည် ထိုင်း- မြန်မာအကြား သယ်ယူပို့ဆောင်ရေးကို လွယ်ကူချောမွေစေကာ ကုန်စည်ကူး သန်းမှုနှင့် ခရီးသွားအရေအတွက် တိုးပွား လာမည်ဖြစ်ပြီး မဲဆောက်အထူးစီးပွားရေးဇုန်ကိုလည်း အထောက် အကူဖြစ်စေမည်ဟု ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီး Akhom ကဆိုသည်။
ဤစီမံကိန်းတွင် ထိုင်း- မြန်မာ နှစ်ဖက်လုံး လမ်းဖောက်လုပ်မှုမှာ ထိုင်းဘတ် ၁.၈ ဘီလျံ ကုန်ကျမည်ဖြစ်ပြီး ၊ နယ်စပ်စစ်ဆေးရေးဂိတ်များ တည်ဆောက်မှုမှာ ဘတ် ၁ဘီလျံ၊ တံတားသစ်၏ ကုန်ကျစရိတ်မှာ ဘတ် သန်း ၈၀၀ ခန့် ကုန်ကျမည်ဖြစ်သည်။
စီမံကိန်းကာလမှာ ၂နှစ်ကြာမြင့်မည်ဖြစ်ပြီး မြန်မာဘက်ခြမ်း တည်ဆောက်ရေးတခုထဲပင် ထိုင်းဘတ် သန်း၃၁၀ ကုန်ကျမည်ဖြစ်သည်။
ဤတံတားသည် ဗီယက်နမ်- လာအို- ထိုင်း- မြန်မာကို ဆက်သွယ်ထားသည့် အရှေ့- အနောက်လမ်း နှင့် ဆက်စပ်နေမည်ဖြစ်သည်။