ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိသျှလူမျိုး ၂ ဦး သတ်ဖြတ်ခံရမှုတွင် တရားခံအဖြစ် စွပ်စွဲခံထားရသော မြန်မာအလုပ်သမား ၂ ဦး၏ DNA နှင့် သတ်ဖြတ်ရာတွင် အသုံးပြုသော လက်နက်ပေါ်တွင် တွေ့ရသည့် DNA တူညီမှု မရှိဟု ထိုင်းနိုင်ငံ၏ နာမည်ကြီး မှုခင်း ဆရာဝန် ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်က ယနေ့ တရားခွင်တွင် ထွက်ဆိုလိုက်သည်။
ယင်းသည် တရားခံများအဖြစ် စွပ်စွဲခံထားရသော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အတွက် အပြစ်မရှိကြောင်း လျှောက်လဲမှုတွင် အားတက်သွားစေပြီး ထိုင်းရဲတပ်ဖွဲ့အတွက် မျက်နှာပျက်စရာ ဖြစ်သွားခဲ့ရသည်။