အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်မှာ တောမီးလောင်ကျွမ်းတဲ့အတွက် Napa နှင့် Lake ခရိုင် နှစ်ခုမှာ အရေးပေါ် အခြေအနေထုတ်ပြန်လိုက်ပြီး လူထောင်ပေါင်းများစွာကိုလည်း အိုးအိမ်တွေကနေ ပြောင်းရွေ့ပေး လိုက်ရပါတယ်။
မြင့်မားတဲ့ အပူရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ တောမီးဟာ Napa နှင့် Lake ခရိုင် ၂ခုမှာ အိမ်၁၀၀ ကျော် လောင် ကျွမ်းခဲ့ပြီး၊ လူပေါင်း ၁၃၀၀ ခန့်ဟာလည်း ဆန်ဖရန်စစ္စကို မြောက်ဘက်ကမြို့တွေကို ထွက်ပြေးခဲ့ရသလို ဒါအပြင် မီးသတ်သမား ၄ဦးလည်း မီးလောင်ခံရတဲ့အတွက် ဆေးရုံတင်ထားရပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က စတင်လောင်ကျွမ်းတဲ့ တောမီးဟာ Lake ခရိုင်မှာ တခုထဲမှာတင် ဧက ၄သောင်းခန့် လောင်ကျွမ်းခဲ့ပြီး ၊ ပြည်နယ်တခုလုံးမှာ ဆိုရင်တော့ ဧက ၆သောင်းခွဲလောက်ရှိပြီဖြစ်ပါတယ်။