မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ နော်ဝေအစိုးရ နိုင်ငံခြားရေး ပေါ်လစီနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နော်ဝေအခြေစိုက် (NRK) ရေဒီယို ရုပ်မြင်သံကြား နဲ့ တွေ့ဆုံခန်း မှာ ဝေဖန်လိုက်ပါတယ်။
၂၀၁၀ ခုနှစ်ကစပြီး နော်ဝေဟာ မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ နဲ့ အပြောင်းအလဲတွေ ကို လိုတာ ထက် ပိုပြီး အကောင်းမြင်ခဲ့တဲ့အကြောင်း၊ ဦးသိန်းစိန်အစိုးရက တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်မယ်လို့ အကြီးအကျယ် မျှော်လင့်ခဲ့တဲ့အကြောင်း (NRK) ကို ပြောဆိုခဲ့တာပါ။
ဒီလို နော်ဝေအစိုးရရဲ့ သဘောထား ပြောင်းလဲပြီး ဦးသိန်းစိန် အစိုးရအပေါ် အကြီးအကျယ် အကောင်းမြင်ခဲ့ တာကိုလည်း သူမအနေနဲ့ နော်ဝေအစိုးရကို တွေ့ဆုံတဲ့ အခါတိုင်း ပြောဆိုလေ့ရှိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့လည်း (NRK) သတင်းမှာ ဖော်ပြထားပါတယ်။