မလေးရှားနိုင်ငံက ရဲချုပ် Khalid Abu Bakar က ဧရာဝဏ် ဘုရားကျောင်း ဗုံးဖောက်ခွဲမှုနှင့် ဆက်နွယ်နေတယ်လို့ ယူဆရသူ သုံးဦးကို ဖမ်းဆီးထားကြောင်း မီဒီယာတွေကို ပြောကြားလိုက်ပါတယ်။
သူတို့ဟာ အမျိုးသမီး တဦးနဲ့ အမျိုးသား နှစ်ဦးတို့ ဖြစ်ပြီး သူတို့ထဲက တဦးကတော့ ပါကစ္စတန်လူမျိုး ဖြစ်တယ်လို့ DPAသတင်းဌာနက ဖော်ပြထားပါတယ်။
အခုဖမ်းဆီးမိတဲ့ သူတွေကို ထိုင်းနိုင်ငံကို လွဲပြောင်းဖို့ကိုတော့ ပြောကြားခြင်း မရှိပေမယ့် ဖမ်းဆီးမိသူ သုံးဦးကို စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း ထိုင်းအစိုးရနဲ့လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောဆိုခဲ့ပါတယ်။