ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက သူနဲ့သူ့အစိုးရကို ဝေဖန်တဲ့သူတွေကို ဆင့်ခေါ်မယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။
ဒီလိုဆင့်ခေါ်မယ့်သူတွေရဲ့ စာရင်းထဲမှာ အခုလက်ရှိ အစိုးရကို ဝေဖန်နေတဲ့ ထင်ရှားတဲ့ အတိုက်အခံ ခေါင်းေဆောင်တွေ ပါဝင်မယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ရေးသားလိုက်ပါတယ်။
“ကျနော်တို့ တိုင်းပြည်က ရှေ့ကိုသွားနေတဲ့ အချိန်မှာ ဘာဖြစ်လို့ ဝေဖန်အပုတ်ချနေလဲ ဆိုတာကို နားမ လည်နိုင်ဘူး” လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။
ဘန်ကောက်အခြေစိုက် TJA လို့ ခေါ်တဲ့ ထိုင်းသတင်းစာဆရာများ အသင်းကလည်း The Nation သတင်းစာကြီးရဲ့ အကြီးတန်း သတင်းထောက်ဖြစ်တဲ့ Pravit ကိုထိုင်းအာဏာပိုင် တွေက ထိန်းသိမ်းခဲ့တာနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ကာ သူ့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
Pravit ဟာ ထိုင်းအစိုးရကို ဆန့်ကျင်တဲ့ သူရဲ့သဘောထားကို ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြောဆိုသူဖြစ်ပြီး ဆိုရှယ်မီဒီယာ နဲ့ Tweet ကိုသုံးကာ သူ့ရဲ့ အမြင်ကို ထုတ်ဖေါ်ခဲ့တဲ့ ဝါရင့်သတင်းထောက် တဦးဖြစ်ပါတယ်။